မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


02 February 2010

5 နှလုံးသား ရှင်းတမ်း

နှလုံးသား ရှင်းတမ်း


ရင်ကွဲမယ် မှန်းသိရင်
ဘယ်သူက
နှလုံးကို ဖွင့်ပြီး
ကဗျည်းတင်မလဲ။

နှလုံးသားဆိုတာ
ပတ္တာ ပါမလာတဲ့
တံခါးတစ်ချပ်နဲ့
ပိတ်ထားတာ။

ဖွင့်ပြီးမှတော့ကွာ
အတင်းပြန်ပိတ်ရင်လည်း
နေပါစေ...
အံ မကျတော့ပါဘူး။

လွတ်ကျစရာ မလိုဘူး
ထိခိုက်မိစရာ မလိုဘူ
တွန်းတိုက်မိစရာ မလိုဘူး
လေသံ ၊ ဟန် ၊ မျက်ဝန်းတွေနဲ့လည်း
သူက ကွဲတတ်သေးတယ်။

အခုတော့...
စာကဗျည်းတွေ ဗလပွ
နှလုံးသားလေး ဟတတ
တံခါးလေး အံမကျ
ဒီမှာ . . .
ကွဲတာကတော့ ကြာခဲ့ပြီ။ ။

ကိုဇော်

.
Share/Bookmark

01 February 2010

2 ပြဿနာ ဆိုသော လမ်းမများ

ပျင်းရိပေါ့တန်သောသူ
သတိတရားကင်းမဲ့သောသူတို့အား
“ အာနာပါန ” တရားတော်ကို ငါမဟော။

ဗုဒ္ဓ



မနေ့က . . .

ကျွန်တော့်မှာ အလုပ်ချိန်လည်း မဟုတ်ပဲနဲ့ စူပါ တစ်ယောက်ခေါ်သွားတဲ့ Customer တစ်ယောက်ဆီကို လိုက်သွားရသေးတယ်။ တကယ်ဆို သူကလည်း အလုပ်ပိတ်ရက် ၊ ကျွန်တော်ကလည်း အလုပ်ချိန်မဟုတ်ဘူး။ အိပ်ချိန်။

ဒါပေမဲ့ ဒီ စူပါ က ဘယ်သွားသွား ကျွန်တော့်ကိုပဲ ခေါ်တယ်။ လမ်းမှာ သူနဲ့ အလာပ သလာပ ပြောလို့ရတာလည်း ပါတာပေါ့လေ။ သူ ကျွန်တော့်ဆီကို ဖုန်းလှမ်းဆက်တော့ မနက် ၁၁ နာရီကျော် ၊ ကျွန်တော် မအိပ်ရသေး။ ရေချိုး စားသောက်ပြီးရုံသာ။ သူက “ နေ့လည် ၂ နာရီ လာခေါ်မယ် ၊ လိုက်မလား။ ” ဆိုတော့ ကျွန်တော်လည်း သူ့ကို အားနာတာနဲ့ “ အေး. . လိုက်ခဲ့မယ်။ ” ပြောလိုက်ပြီး ဘာမှ မလုပ်နိုင်ပဲ တန်းအိပ်လိုက်တော့တယ်။

သူ ကျွန်တော့်ကို ဖုန်းဆက်ကြိုနှိုး ၊ ကျွန်တော် ရေချိုးပြီး သူ့ နဲ့ ချိန်းထားတဲ့ စက်ရုံရှေ့ကို ရောက်တော့ ၂ နာရီ။ ဒါနဲ့ သူ့ကားပေါ်တတ်ပြီး သွားရင်းနဲ့မှ အခု သွားရတဲ့ ကိစ္စကို သိတော့တယ်။ မနေ့က မနက်က Customer က လာဝယ်သွားတာကို ကျွန်တော့်် သူငယ်ချင်း တစ်ယောက်က ပစ္စည်း မှားရောင်းလိုက်တယ်။ သူလိုချင်တာက ၈ ပေ အမြင့် ၊ ရောင်းလိုက်တာက ၉ ပေ ။ ဒါကြောင့် ဟိုရောက်တော့ တပ်လို့မရတော့ဘူး။

Customer ကလည်း သူ့ဆိုင်ကို မနက်ဖြန်မှာ ဖွင့်မှာ ဆိုတော့ ဖုန်းဆက် ပြောတယ်။ ဒါနဲ့ပဲ သူဌေးက ဒီ စူပါကို လွှတ်ပြီး သွားလဲခိုင်းတာ။ ဒါကို စူပါက ကျွန်တော့်ကို ထပ်ပြီး “ တိုင်ကယ် ” ချိတ်သွားတယ်။

အတော်ကို ဝေးတဲ့ ခရီးတစ်ခုပါပဲ။ တစ်နာရီကို ကီလိုမီတာ ၁၂၀ ကျော်မောင်းနေတာတောင်မှ ၃ နာရီလောက် သိပ်သိပ်သည်းသည်း မောင်းရတယ်။ အိပ်ရေးက မဝသေးတဲ့ ကျွန်တော်ကလည်း ကားထဲမှာ ထိုင်းထိုင်းမှိုင်းမှိုင်း ။ အဝေးပြေးကားလမ်းရဲ့ တပြန့်တပြူး ကျောခင်းထားတဲ့ လမ်းကလည်း ညီညီညာညာ ၊ ကျွန်တော် သူနဲ့ စကားမပြောပဲ ခဏကြာလာရင် လေးလံလာတဲ့ မျက်ခွံတွေက ကျွန်တော့် အမြင်တွေကို ပိပိကျတယ်။

တစ်နေရာရောက်တော့ ကျွန်တော် တော်တော် မျက်လုံးပိတ်မိပြီး ဘယ်လောက် ငိုက်လာမိလဲ မသိဘူး။ ရုတ်တရက် ကားကို တစ်ယောက်ယောက်က ကိုင်လှုပ်လိုက်သလို “ တဒုတ်ဒုတ် ” နဲ့ ခုန်သွားလို့ ကျွန်တော့် မျက်ခွံတွေကို အသာဆွဲလှန်ပြီး အပြင်ကို ကြည့်လိုက်တော့ ကားလမ်းက ပေါ်မှာ အဝါရောင် မျဉ်းကြားလေးတွေနဲ့ ကားလမ်းကို ကန့်လန့်ဖြတ် တားထားသော မျဉ်းဝါတွေကို တွေ့လိုက်ရတယ်။

ဒီနေရာမှာ နည်းနည်းပြောပြဦးမယ်။ လူကူးမျဉ်းကြား ဆိုတာ ကားလမ်းကို အလျားလိုက် တားထားတာပါ။ လူတွေ အတွက်တော့ ကူးဖို့ ကန့်လန်တွေပေါ့။ အခု မျဉ်းတွေကတော့ ကားတွေ အတွက်ပဲ ကန့်လန်ဖြတ်တားထားပြီး လူတွေ အတွက်က ဘာမှ မဆိုင်ဘူး။ ဒီမျဉ်းတွေကို “ အိပ်ချင်ပြေမျဉ်း ” လို့ခေါ်တယ် ဆိုပြီး ကျွန်တော့်အဖေကတော့ ပြောဖူးတယ်။

ဘာလို့ အိပ်ချဉ်ပြေမျဉ်း ဖြစ်ရတာလဲဆိုတော့ လူတွေက ကားမောင်းတာ ကြာလာရင် ပျင်းပြီးတော့ အိပ်ငိုက်သွားလေ့ရှိတယ်။ ဒီတော့ လမ်းကွေ့တွေမှာ ငိုက်ပြီး တောင်တွေနဲ့တိုက် ၊ ချောက်ထဲတွေ ထိုးကျသွားတတ်တယ်။ ဒီတော့ ဒီလိုနေရာတွေမှာ ဒီမျဉ်းလေးတွေကို ကားလမ်းပေါ်မှာ ကန့်လန့်ဖြတ် တားထားလိုက်တယ်။

ဒီမျဉ်းမှာလည်း ပညာပါတယ်။ ဒီအတိုင်း ရိုးရိုးဆေးချည်းပဲ မဟုတ်ဘူး။ ဆေးမသုတ်ခင် သူ့ရဲ့ အောက်မှာ ကား သူ့အပေါ်က ဖြတ်သွားရင် “ ဂလုပ် ၊ ဂလုပ် ” “ ဒုတ် ၊ ဒုတ် ” ဆိုပြီး ခုန်အောင် သံထု ထူထူနဲ့ ခံပြီးမှ အပေါ်က ကတ္တရာစေးလောင်းပြီး ဖုံးထားတယ်။ ဒီအပေါ်ကမှ ဆေးအဝါ သုတ်တယ်။

ဒီတော့ ဒီအပေါ်က ကားမောင်းသွားသူတွေက လမ်းပြင်ညီလို မဟုတ်တော့ ဒါကို ဖြတ်တိုင်း ဂလုဂလု နဲ့ ခုန်နေတော့ အိပ်ငိုက်နေသူတွေ မျက်လုံး ကျယ်သွားစေတယ်။ ဒါပေမဲ့ ဒါတွေ အားလုံးကို မြို့တွင်း လမ်းကွေ့တွေမှာပဲ လုပ်ထားလေ့ရှိတယ်။ အခုတော့ မြို့ပြင် အဝေးပြေးလမ်းပေါ်မှာ ဆိုတော့ ကျွန်တော် တော်တော် အံ့သြသွားတယ်။

ဒါနဲ့ပဲ ဟိုးအရင်က ဖတ်ခဲ့ဖူးတဲ့ Jon Thone ၏ Highways ဆိုတဲ့ စာလေးကို သွားသတိရမိတယ်။ ဒါနဲ့ပဲ ပြန်ပြီး မငိုက်ဖြစ်ပဲ။ ဒီနေ့တော့ ဒီစာလေးရေးမယ် ဆိုပြီး စာလေးကို ပြန်စဉ်းနေမိတယ်။ ဒီစာလေးကတော့ ဒီလို ဘဝရဲ့ အဝေးပြေးလမ်းမတွေကို ပုံဖော်ပြောတယ်။

---------------------------------------------------------------------------------------------------------

တစ်နေ့ အရမ်းကို စိတ်ဓါတ်ကျနေတဲ့ လူတစ်ယောက်က စိတ်ပညာရှင် “ မက်စ် ” ဆီကို ရောက်လာတယ်။ သူတို့က စပိန်နိုင်ငံမှာ နေကြတယ်။ စိတ်ဓါတ်ကျနေသူက “ မက်စ် ” ကို ပြောတယ်။

“ ဆရာ ၊ ကျွန်တော့်မှာ တစ်နေ့တစ်နေ့ ပြဿနာတွေ ပိုများလာတယ် ဆရာ။ တစ်ခုပြီး တစ်ခု တွေ့နေရတယ်။ ” “ ဘယ်လို ပြဿနာတွေ ပိုများလာတာလဲဗျ။ ဘာတွေများ ကြုံတွေနေရလို့လဲ။ ”

ဒီတော့ လူနာက စိတ်ညစ်နွမ်းစွာ နဲ့ သူ့အသံတိုးတိုးကို လေသံနဲ့ ပြောတယ်။

“ ဆရာရယ်။ ကျွန်တော်က ပြဿနာ ကို ရင်ဆိုင်ရမှာ ကြောက်တဲ့ လူတော့ မဟုတ်ပါဘူး။ ”

“ ဟာ. .ကောင်းတာပေါ့။ ဒါအရမ်းကောင်းတဲ့ သဘောထား ပဲလေ။ ”

“ ဟုတ်ပါတယ် ဆရာ။ ဒါပေမဲ့ အခု ကျွန်တော့်မှာက ပြဿနာ တစ်ခုကို ရှင်းလို့ ပြီးတယ် ဆိုရုံပဲ ရှိသေးတယ်။ နောက်တစ် ပြဿနာ တစ်ခုက ရောက်လာတာပဲ ဆရာ။ ဒီ ပြဿနာ ကို ကျွန်တော် ကိုင်တွယ် ဖြေရှင်းလို့ အဆင်ပြေသလောက်ရှိနေပြီ ဆိုရင် နောက်ထပ် ပြဿနာ တစ်ခု ထပ်တွေ့ပြန်တာပါပဲ။

ဒီတော့ ဆရာရယ်။ ပြဿနာတွေကို ဆက်တိုက် ရင်ဆိုင်နေရတော့ ကျွန်တော် ဘယ်လိုမှ ခံနိုင်ရည် မရှိတော့ဘူး။ ကျွန်တော် ကြာရင် တစ်ခုခု ဖြစ်သွားနိုင်တယ်။ ”

ဒီတော့ “ မက်စ် ” က သူ့ကို ဘာမှ တိုက်ရိုက် ရှင်းပြ ပြောဆို မနေပဲ ခဏစောင့်နေတယ်။ ခဏနေတော့မှ. . .

“ ကျွန်တော် ခင်ဗျားကို အမေရိကန် နို်င်ငံက အဝေးပြေးလမ်းတွေ အကြောင်းကို ပြောပြမယ်။ ခင်ဗျား အမေရိကားကို ရောက်ဖူးလား။ ”

“ မရောက်ဖူးဘူး ဆရာ။ ”

“ ဟုတ်ပြီ။ အခု ရောက်ပြီလို့သာ သဘောထားဗျာ။ ကျွန်တော် အခု ပြောပြမယ်။ အမေရိကားမှာ ရှိနေတဲ့ တစ်မြို့နဲ့ တစ်မြို့ကို ကူးသန်းရောင်းဝယ်ဖောက်ကားဖို့ အဝေးပြေးလမ်းတွေ ဖောက်တော့ ဟိုးအရင်က လမ်းဆိုတာ ဖြောင့်နိုင်သမျှ ဖြောင့်မှ လွယ်ကူမယ် ၊ အဆင်ပြေမယ် ဆိုပြီး အဝေးပြေးကားလမ်းဖောက်တဲ့ အင်္ဂျင်နီယာတွေက တောင်တွေကို ဖြတ်ထုတ် ၊ မြေတွေကို ဖို့ပြီး လမ်းတွေကို ဖြောင့်နိုင်သမျှ ဖြောင့်အောင် တည်ဆောက်ခဲ့ကြတယ်။

ဒါပေမဲ့ သူတို့ ထင်သလို သွားလာရေး လွယ်ကူခဲ့ပေမဲ့ လူအသေအပျောက် အလွန်များလာခဲ့တယ်။ ဘာလို့ လူသေများလာလည်း ဆိုတော့ အဝေးပြေးလမ်း ဆိုတာ တစ်မြို့နဲ့ တစ်မြို့ရောက်အောင် မိုင်ပေါင်းများစွာ မောင်းရတာ မဟုတ်လား။ ဘာမှ ဘေးမှာ ထူးထူးခြားခြားလည်း ကြည့်စရာ မရှိ။ ကားပေါ်မှာလည်း ကိုယ်ကလွဲရင် ဘယ်သူမှ မပါဘူး။ နေ့စဉ် ရက်ဆက် ကားမောင်းခွေကို ကိုင်ပြီး တသတ်မှတ်ထဲ ဖောက်လုပ်ထားပြီး ပြန့်ပြူးညီညာနေတဲ့ လမ်းပေါ်မှာ ပျင်းရီငြီးငွေ့စရာ မောင်းနေရတော့ ကြာလာရင် လူတွေက ငိုက်လာတယ်။

ဒီတော့ တဖြောင့်တည်းဆိုတဲ့ နေရာတွေမှာ ကားမောင်းခွေကြီး ကိုင်ပြီး ငိုက်နေလို့ ဘာမှ မဖြစ်ပေမဲ့ ၊ မဖြစ်မနေ လမ်းချိုးလေးတွေ ၊ အကွေ့လေးတွေမှာ ခုနက တောက်လျှောက် အိပ်ငိုက်ပြီး မောင်းလာသူတွေ ကားလမ်းပေါ်ကနေ ချော်ကျတော့တာပဲ။
လူပေါင်းများစွာ သေဆုံးရလို ၊ ဒုက္ခိတများစွာကိုလည်း ဖြစ်လာစေတယ်။ ဒါနဲ့ လမ်းဖောက်တယ် ဆိုတဲ့ အင်္ဂျင်နီယာတွေကတော့ လမ်းဖြောင့်အောင် ဖောက်တာ ဟုတ်ပါပြီ။ အခုလို အသက်နဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာတဲ့ အခါမှာ သူတို့ အပြန်ပြန်အလှန်လှန် စဉ်းစားပြီး လူအများ အံ့အားသင့်စေတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့တယ်။ ဒါက ဘာဖြစ်မယ်လို့ ထင်လဲ။ ”

“ မ. . .မပြောတတ်ဘူး ဆရာ။ ”

“ ဒါကတော့ အဝေးပြေးလမ်းမတွေမှာ ကားလမ်းမတွေကို အရင်လို ဖြောင့်နိုင်သမျှ ဖြောင်အောင် ဆိုတာထက် ၅ ကီလိုမီတာ ( သို့ ) ၁၀ ကီလိုမီတာမှာ တစ်ခု အနေနဲ့ ဖြောင့်နေတဲ့ လမ်းတွေကို တမင်ကို ကောက်သွားအောင် ကွေ့သွားအောင် လုပ်ပြီး ဖောက်လုပ်ဖို့ သဘောတူလိုက်ကြတာပဲ။ ”

“ ဗျာ။ တကယ်လား ဆရာ။ အရင်လို ဖြောင့်နေတာတောင်မှ ဒီလောက် ချောက်ထဲ ကျသေနေဆို ၊ အခုလို တမင်ဖြောင့်နေတာကို ကောက်အောင် လုပ်လိုက်တယ် ဆိုတော့ ပို မသေကုန်ဘူးလား။ ”

“ ဟုတ်ပါတယ်။ လူတွေအားလုံးကလည်း ဒီလိုပဲ တွေးကြပါတယ်။ တကယ်တမ်း လက်တွေ့မှာတော့ အိပ်ငိုက်ပြီး ချောက်ထဲ ကျသွားတယ် ဆိုတဲ့ လူတွေ ၈၇ ရာခိုင်နှုန်း လျှော့နည်းသွားတယ် ဆိုတာပါပဲ။ ”

“ ဟာ . . ဟုတ်လား ဆရာ။ ဘာလို့များလဲ။ ”

“ ဟုတ်တယ်ဗျာ။ အမှန်ပါပဲ။ ဘာလို့လည်း ဆိုတော့ လူဆိုတာ ဖြောင့်တန်းသာယာနေရင် သတိ ဆိုတဲ့ စိတ်က မရှိတော့ဘူး။ ဒီတော့ ပျင်းရိ ငိုက်မျဉ်း လာတတ်တယ်။ လူဆိုတာ အခက်အခဲလေးတွေ တစ်ရာရာမှာပေါ်လာနိုင်တယ် ဆိုတော့မှ အမြဲတမ်း သတိက ရှိနေပြီး ၊ ပျင်းရိ ငိုက်မျဉ်းနေတယ် ဆိုတဲ့ စိတ်တွေက ဖြစ်မလာတော့ဘူး။

ဒီတော့မှ လူက အမြဲတမ်း တတ်ကြွနေတာ။ အမြဲတမ်း ဖြတ်လတ်နေတာ။ ဒါပေမဲ့ လူတွေ အားလုံးကတော့ ပြဿနာ ဆိုရင် ငါတို့ကို ဒုက္ခပေးမဲ့ အရာလို့ပဲ ထင်နေတတ်ကြတယ်။ တကယ်တော့ “ ပြဿနာ ” ဆိုတာ ကိုယ့်ကို “ သတိ ” အမြဲတမ်း ရှိနေအောင် နှိုးဆော်ပေးနေတဲ့ ကျေးဇူးရှင်တွေပါ။


“ ဆရာ ပြောချင်တာ ကျွန်တော် အခုမှ သဘောပေါက်ပါပြီ ဆရာ။ ဒါပေမဲ့ တစ်ခါတစ်လေ ကိုယ်လုပ်တာ မဟုတ်ပဲ သူ့ဖာသာ သူ မထင်မှတ်တဲ့ အချိန်မှာ ပေါ်လာတဲ့ ပြဿနာ တွေ ဆိုရင်ရော။ ဒါကို ဘယ်လို ဥပမာပေးမလဲ ဆရာ။ ”


“ ဒါကိုတော့ မြို့တွင်းက “ အိပ်ချင်ပြေမျဉ်း ” လို့ သဘောထားရမယ်။ ဘာလို့လဲ ဆိုတော့ အဝေးပြေးလမ်းက လမ်းကွေ့ချိုးတွေက ဘယ်နေရာလောက်မှာ ရှိနေတတ်တယ် ဆိုပြီး သိနေနိုင်သလို ကိုယ်လုပ်နေတဲ့ လုပ်ငန်းရဲ့ ပြဿနာ တွေကလည်း ဘယ်အချိန်လောက်ဆို ဖြစ်လာနိုင်တယ် ဆိုပြီး ခန့်မှန်းနေမိနိုင်တယ်။

ကိုယ်လည်း မထင်မှတ်ထား။ မမျှော်လင့်ထားသော အချိန်မှာ ဖြစ်လာတဲ့ ပြဿနာ တွေကတော့ “ အိပ်ချင်ပြေမျဉ်း ” ပေါ်မှာ ကားကို မောင်းလိုက်ရသလိုပဲလေ။ တဒုတ်ဒုတ် ခုန်နေတော့မှ ကိုယ့်ကို ပျင်းရိ ငိုင်မျဉ်းနေတာကို ပြေပြီး သတိ ဝင်လာစေတယ်။ ဒီလို သဘောထားပေါ့ဗျာ။ ”

“ ဟုတ်ကဲ့ပါ ဆရာ။ ကျေးဇူးတင်ပါတယ်။ ”


--------------------------------------------------------------------------------------------------------

ဒါနဲ့ပဲ. . ၊ ဒီစာလေးကို ကျွန်တော် သွားပြီး သတိရတယ်။ ကျွန်တော်တို့ အမြဲတမ်းလိုလို ခံစားနေမိတဲ့ ကိစ္စလေးပါပဲ။

ပြဿနာ တွေကလည်း တစ်ခုပြီး တစ်ခု ပေါ်နေတာပဲ ဆိုတာမျိုး ညည်းမိမယ် ဆိုရင် ၊

ပြဿနာ တွေကတော့ ထင်မထားရာက ပေါ်ပေါ်လာတယ် ဆိုပြီး ပြောမိနေမယ် ဆိုရင် ၊

ပြဿနာ တွေကြောင့် စိတ်ပျက် လက်လျှော့ချင်နေမိပြီ ဆိုရင် ကိုဇော် ဆိုသော ကျွန်တော့်ကို သတိမရချင်နေပါ။ ဒီစာလေးကိုတော့ သတိရလိုက်ပါဗျာ။

source; Jon Thone Highways ကို သင့်တော်သလို ပြင်ဆင်၍
ကိုဇော် ခံစားပုံဖော်သည်။

.

Share/Bookmark

31 January 2010

1 မာယာများတဲ့ ကမ္ဘာ


အမှာ။ ။ စီးပွားရေးနဲ့ ပတ်သတ်ပြီး ရှာဖွေ ဖတ်မိတာလေးတွေပါ။ ကြာတာကတော့ တော်တော်ကို ကြာနေခဲ့တဲ့ အကြောင်းအရာလေးတွေပါ။ Management နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေသာ ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ မရည်ညွှန်းသလို ဘယ်သူ့ကိုမှလည်း မရည်ရွယ်ရိုး အမှန်ပါ။ ဒါကြောင့် လွတ်လပ်စွာ ကျွန်တော့်ဖာသာ ဖတ်သမျှ ရေးထားတာ ဆိုတော့ လွတ်လပ်စွာပဲ ဤနေရာမှ စ၍ ဆက်မဖတ်ပဲ နေလို့ရပါတယ်။

ကျေးဇူးတင်စွာဖြင့်

ကိုဇော်


တအုံနွေးနွေးနဲ့ ရှိနေတတ်တဲ့ ကျွန်တော် ရင်ထဲမှာ တချို့အကြောင်းအရာ တွေက ရှင်းမနေတတ်။

ကျွန်တော် သိသလောက် “ သတင်း ” ( New ) ဆိုပြီး တီဗီမှာ အဲလေ . . CNN တို့ ဘာတို့ပေါ့။ ( ကျန်တာ ကျွန်တော် မသိဘူးနော် :P ။ ) ဒီလို ၂၄ နာရီ ထုတ်လွှင့်နေတဲ့ သတင်းဆိုတာတွေမှာ ကောင်းကျိုး ၊ အကျိုးဖြစ်ထွန်းစေသော အကြောင်းအရာတွေထက် ၊ အဖျက် သဘောတရားတွေက ၉၀ % လောက်ပါနေတတ်တယ်လို့ A.L.William ရေးတဲ့ စာအုပ်ထဲမှာ ဖတ်ရတော့ ပိုလို့ ဆိုး။

ဒီအချိန်မှာ ကျွန်တော့် အဖေက ဗဟုသုတ အားကောင်းလေတော့ ကျွန်တော့်ကို ပစ္စည်း တစ်မျိုး အကြောင်းပြောတယ်။

“ သားရေ။ အခု ဂျပန် နိုင်ငံက ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ထမင်းဟင်းချက်ဖို့ အိုးတွေ ၊ ဒယ်အိုးတွေ ထုတ်လုပ်လိုက်နိုင်ပြီတဲ့။ ဒီပလတ်စတစ်တွေက ဂတ်စ်မီးဖိုပေါ်မှာ တင်ပြီး ချက်ပြုလို့ရအောင်ကို အပူဒဏ်ကို ခံနိုင်တယ်တဲ့။ ”

“ ဟာ..မိုက်တယ်။ ကောင်းတာပေါ့ ဖေဖေ ရာ။ ”

“ အေးကွ။ ပစ္စည်း အသစ် အတွက်တော့ ကောင်းပါတယ်။ ဒါပေမဲ့ အခု ခက်နေတာက လူတွေက ဒီ ပလတ်စတစ်ကို စိတ်မဝင်စားကြဘူး။ ဒီပစ္စည်းကလည်း စတီးပစ္စည်းတွေထက် ဈေးကြီးနေတယ်။ ဒီတော့ သူတို့ ဒီပစ္စည်းကို ရောင်းထွက်အောင် တခြား မလိုလား အပ်သော နည်းလမ်းတွေ သုံးလာကြလိမ့်မယ်။ ”

ကျွန်တော် နဝေတိမ်တောင်နဲ့ နားမလည်ခဲ့ပါ။ ထို မီးအပူခံနိုင်သော ပလတ်စတစ် အသုံးအဆောင်တွေကလည်း ဈေးကွက်မှာ ခေတ်မစားလာခဲ့ပါ။ ဒီလိုနဲ့ သုံးနှစ်လောက်ကြာတော့ ဂျပန်နိုင်ငံက သုသေတန ပညာရှင်တွေက ကမ္ဘာကို ကြေငြာတယ် သူတို့ တွေ့ရှိချက်ကို . .

“ စတီးပစ္စည်းများကို စားသုံးစေခြင်းဖြင့် လူတွေ အရိုးကို ပွစေတယ်။ ဆံပင်ကို ဖြူစေတယ်။ သူတို့က သူတို့ လုပ်ထားသော သုတေသန အချက်အလက်များဖြင့် အိန္ဒိယ နိုင်ငံကို ဥပမာ ထားကာ ဖော်ပြတယ်။ ”

ဘယ်သူမှလည်း မငြင်းနိုင်။ ငြင်းလည်း မကြ။ ဒါပေမဲ့ ရာခိုင်နှုန်း အနည်းငယ်ကတော့ စတီးပစ္စည်း သုံးစွဲခြင်းကို ရှောင်ကြဉ်ပြီး ဂျပန် နိုင်ငံက ထုတ်တဲ့ ပလတ်စတစ် အသုံးအဆောင်လေးတွေကို သုံးလာခဲ့ကြတယ်။ ဒီတော့ စတီးနဲ့ ပတ်သတ်ပြီး ကမ္ဘာကို ထုတ်လုပ် ရောင်းချနေသော “ ထိုင်း ” နိုင်ငံမှာ စတီး ထုတ်လုပ်သူတွေ စီးပွားထိခိုက်ကြတယ်။

ဒီလိုနဲ့ပါပဲ။ နောက်ထပ် နှစ်ပေါင်း ငါးနှစ်လောက်ကြတော့ ထိုင်း နိုင်ငံက ကမ္ဘာကို ကြေငြာတယ်။ သူတို့ ပြုလုပ်ထားသော သုတေသန အချက်အလက်တွေကို ကိုင်စွဲပြီးတော့ပေါ့။

“ ပလတ်စတစ် ပစ္စည်းတွေ အပါအဝင် ၊ မယ်လမင်း ပစ္စည်းတွေကို အပူချိန် ၇၀ ဒီဂရီနဲ့ အထက် အပူပေးခံပြီး စားသုံးရင် “ ကင်ဆာ ” ရောဂါကို ဖြစ်စေနိုင်တယ်။ ”

တဲ့။ တကမ္ဘာလုံး အုတ်အော် သောင်းနင်း ဖြစ်သွားတယ်။ ဒီတော့ ထိုင်းသုတေသန အဖွဲ့က ဆက်ပြောတယ်။

“ မယ်လမင်းပစ္စည်းတွေ အစား ငှက်ပျောရွက်ကို သုံးကြပါ။ ” တဲ့။


လူတွေမှာ မူးဝေ မှောင်မိုက်ပြီး ခေတ်ဟောင်းကို ရုတ်တရက် ပြန်လည်ရောက်ရှိသွားခဲ့တယ်။ မနေ့ကပဲ မယ်လမင်းတွေနဲ့ ရောင်းနေတဲ့ ဆိုင်တွေက ဒီနေ့ကျတော့ ငှက်ပျောရွက်တွေနဲ့ ရောင်းချကြရတယ်။ မယ်လမင်း ခက်ယောက်တွေကတော့ တိတ်တဆိတ် ကြေကွဲလို့။

ကျွန်တော်တို့လည်း ဆံပင်တွေပဲ ရုတ်တရက် ထဖြူတော့မလို့ ၊ ရင်ဘတ်ထဲမှာ ကင်ဆာတွေ အမြစ်ပွားနေပြီ လိုလို ထင်ယောင်ထင်မှား အထွေထွေ အပြားပြား။ ဒါ..မာယာ။

ဒါကို “ Global Economic Attack ” လို့ ခေါ်မယ် ထင်တယ်။ သိပ်တော့လည်း နားမလည်။ ကျွန်တော်မှာလည်း တောင်တောင်အီအီပါပဲ။ ဒါနဲ့ပဲပေါ့ဗျာ။ ဟိုးရှေးရှေး အရင်ကရော.......ဆိုပြီး သမိုင်းတွေကို ကျွန်တော် အစဆွဲမိတယ်။

ထိုအရာများကို ကျော်ဖတ်ချင်လည်း ရပါတယ်။ ဒါကြောင့် ဆေးခြယ်ထားသည်။

သူ့နာမည်ကို ကြားရင် မူစလင်တွေ ဒေါသအရမ်းထွက်သော လူတစ်ယောက်ရှိခဲ့ဖူးတယ်။ သူကလည်း ဘာသာမတူပဲ ယူမိတဲ့ သူ့မိဘကို မြေမြှပ်ခေါင်းဖော်ပြီး ကျောက်ခဲတွေနဲ့ ပစ်သတ်ခဲ့လို့ မူစလင်တွေကို နာကျည်းခဲ့တယ်။

အရက်ဆိုတာ အသားပေါ်ကျရင်တောင်မှ ထိတဲ့နေရာကို ဓါးနဲ့ လှီးထုတ်ပစ်ရမယ် ဆိုသော ၊ မိန်းကလေးနဲ့ ယောက်ျားလေး လက်မထပ်ရသေးခင် လက်ချင်းထိဖို့နေနေသာသာ တစ်ယောက်နဲ့ တစ်ယောက် လက်လှမ်းမမှီနိုင်တဲ့ နေရာကနေ စကားပြောရတယ် ဆိုသော ၊ သူများပစ္စည်းခိုးရင် ခိုးတဲ့ လက်ကို ဖြတ်ပစ်ရတယ် ဆိုသော ၊ ကခုန်ဖို့ဝေးရော တီဗီ ၊ ကတ်ဆက် ၊ ရေဒီယို ၊ သီချင်းဆိုခြင်း စသော အရာများကို ပိတ်ပင်ထားသော အချက်အလက်များကို သေချာ စေ့စေ့စပ်စပ် လေ့လာပြီး မူစလင်တွေကို အရက်သောက်တတ်အောင် ၊ ကပွဲတွေ ၊ ပါတီပွဲတွေ တတ်တတ်လာအောင် ၊ မယူခင် သူတို့တွေ အတူတူ နေတတ်လာအောင် ( အခုများဗျာ ၊ ဘာသာခြား မိန်းကလေးတွေဆိုရင် သူတို့က ပိုတောင်မှဆိုးသေး အရင်ဆုံး ဗိုက်ထဲ ကလေးသွင်းထားမှတဲ့. ........{ ဆောရီး } ) လာဘ်စားတတ်လာအောင် ၊ ခိုးတတ်လာအောင် ဒီလို မူစလင်တွေရဲ့ စိတ်ထဲ သူတို့ရဲ့ ကိုရန် စာအုပ်ထဲမှ အချက်တွေနဲ့ လွဲချော်အောင် ပျက်စီးစေတတ်သော စိတ်တွေကို ထည့်ပေးခဲ့သူ။

သူ့ကြောင့် တစ်ကမ္ဘာလုံးမှာ ရှိနေသော မူစလင်များ အားလုံး အခုတော့ သွက်သွက်ခါအောင် ပျက်ဆီးနေခဲ့ပါပြီ။ ဒါပေမဲ့ သူ ( XXXX ) လည်း နောက်ဆုံးမှာ မူစလင် အစွန်းရောက်တွေက ဖမ်းဆီးပြီး လည်လှီးသတ်ဖြတ်ခဲ့တယ်။ ဒါပေမဲ့ သူချခဲ့တဲ့ မူစလင် ပျက်ဆီးရေး မျိုးစေ့ကတော့ ကမ္ဘာအနှံ့ ပွားများ ရှင်သန်လျှက်။ ဒါနဲ့ပဲ မူစလင်တွေနဲ့ အတူ သူ့ဖြန့်ခဲ့တဲ့ မဟားဒယား ကိုယ့်ကျင့်တရားများက ကမ္ဘာကို လွှမ်းခြုံ ကျင်လည်လျှက်....။ ဒါ..မာယာ။

ထို့ထက်စောသော ကာလတစ်ခုမှာ ဂျာမန် ဟစ်တလာက ဂျူးတွေကို သတ်တယ်။ ပြေးလွှားပုန်းလျှိုးနေရတဲ့ ဂျူးထဲက တစ်ယောက်ထဲမှာ အမေ ဂျာမန် နဲ့ အဖေ ဂျူး လူမျိုးတို့ရဲ့ သွေးသား ကောင်လေးတစ်ယောက်လည်း ရှိပြန်တယ်။ ပုန်းအောင်းတိမ်းရှောင်ရင်း အစ္စရေးပြည်နယ် ဖြစ်လာမဲ့ နယ်မြေလေးထဲ ခိုလှုံတော့ သူ့ကို ဂျာမန်စပ်လို့ ဆိုပြီး ခိုလှုံခွင့်မပြု။ သေနတ်သံ ၊ ဗုံးသံ ၊ အဆိပ်ငွေ့တွေကို ရှောင်တိမ်းရင်း ထိုကောင်လေးက နိုင်ငံတစ်ခုမှာ ဆရာဝန်ကြီး ဖြစ်လာတယ်။ သူ့ကို လက်မခံခဲ့သော အစ္စရေးနိုင်ငံကို အသည်းနာတယ်။ ဒါကြောင့် သူက သူ့ဖာသာခံယူထားတယ်..ဒါက “ ဘာသာမဲ့ ” ။ သို့သော် အများ အမြင်မှာတော့ သူက အလွန် ယုံကြည်ကိုးကွယ်ထားသော ဘာသာက ခရစ်ယာန်။ ပြီးတော့ အစ္စရေးဆိုသူတွေနဲ့ မတည့်ပဲ အမြဲတမ်း အငြင်းပွားနေနိုင်သော မူစလင်တွေကို အားပေး သွေးထိုးတယ်။

နောက်တော့ သူက ငွေကုန်ခံပြီး သုတေသနပြုလုပ်ပြီး ကမ္ဘာကို သူရဲ့ စာတမ်းတွေနဲ့ တင်ပြတယ်။ ယောက်ျားတွေ ဟိုဥစ္စာကို မူစလင်တွေလို ဖြတ်ထားခြင်းဖြင့် ယောက်ျား ကင်ဆာ မဖြစ်စေနိုင်ဘူးလို့ ကြေငြာ တင်သွင်းတယ်။ ထင်ယောင်ထင်မှား နဲ့ ကင်ဆာ ဖြစ်ရင် ထမင်းစားနေရင်း အဲဒါ ငတ်ပြတ်မှာ ကြောက်သော ယောက်ျားတွေက သူ့ရဲ့ စကားကို ယုံကြည်ကိုးစားစွာ ဟိုဥစ္စာတွေကို ကုလားတွေလို ဖြတ်ကြတယ်။ ( ဆောရီးနော်..အားလုံး။ )


ကင်ဆာ ဆိုတာ ဖြစ်နေမှ ဒါက ဒီလိုပါ လို့ အကြောင်းပြဖို့ ခက်နေသေးတဲ့ အချိန်ဆိုတော့ သူပြောသမျှကို လက်ခံယုံကြည့်လာပြီး သူ့ကို အားပေးခဲ့တယ်။ သူကတော့ နောက်ကွယ်မှာ ကျိတ်ရယ်နေလျှက်။ ဘာလို့လဲ ဆို..သူတောင်မှ ဟိုဥစ္စာကို အဟိုဝှာ မပြုထား။ ( ငါကလည်းနော် ရှုပ်နေတာပဲ။ ) ဒါနဲ့ သူက ဂျူးစပ်တယ် ဆိုတာ သိလာတော့ သူ့ကို အစ္စရေးနိုင်ငံက ဖိတ်ခေါ်တယ်။ ငါ့ကို လက်မခံတဲ့ နိုင်ငံ အခုတော့ ဖိတ်တောင်မှ ခေါ်နေရပါလား ဆိုပြီး သူက ဒီနိုင်ငံကို ရောက်သွားတော့ အားလုံးကို မဲဆွယ် တရားဟောပြီး သိမ်းသွင်းတယ်။

သူ့ကို ယုံကြည်နေသူကလည်း အားလုံး ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်ပြီး ဟိုဥစ္စာကို ဖြတ်တော့ လိုကဖြတ်ကြတယ်။ တကယ်တော့ ကင်ဆာ ဖြစ်လာရင် အရင်းက ဖြတ်ရမှာ ဆိုတော့ ထိပ်လောက်တော့ ပြဿနာ မရှိဘူးလို့ ထင်ယောင်ထင်မှား တွေးကြတယ်။ အရင်းက ဖြတ်ခံရရင်တော့ ထမင်းစားနေလျှက်နဲ့ ငတ်ကြရမှာကိုး...( တတိယအကြိမ် ..ဆောရီးပါ။ )
ဒီမှာ ဒီလို ဖြစ်နေတဲ့ ယောက်ျားသားတွေက ရုတ်တရက် မူစလင်တွေရဲ့ တစ်နေရာရာမှာ သေဆုံးခဲ့လျှင် ပြီးတော့ သူ့ကို မူစလင်တွေက ဟိုအရာကို လှန်ကြည့်ပြီး ဒါဟာ မူစလင်ကွ ဆိုပြီး ခရစ်ယာန်ကို မူစလင် သချှင်္ီုင်းမှာ သဂြိင်္ီလ်တယ်။ ဒါနဲ့ပဲ ခရစ်ယာန်တွေ သေတော့မှ မူစလင် ဖြစ်ကြရတယ်။ သူကတော့ လူသူ မသိတဲ့ နေရာတစ်ခုမှ ကျိတ်ရယ်လျှက်။ သူကတော့ မိမွေးတိုင်း ဖမွေးတိုင်း ၊ ကျန်းမာ ပကတိ ချမ်းသာစွာရှိ။

သို့သော် သူ့ရဲ့ လုပ်ရပ်ကို မထောက်ခံသော ဂျူးတချို့က သူ့ကို လုံကြံခဲ့တယ်။ သူသေသွားတာတောင်မှ လူတွေမှာ အယူအဆ တစ်ခုကို လက်ခံထားမိရင် ဘယ်လိုမှ လက်မလွှတ်မိတတ်ကြတော့။ အခု အချိန်အထိ အစ္စရေးနိုင်ငံမှာ ခရစ်ယာန်ဂျူးတွေ ဟိုဥစ္စာကို ဟိုလိုလုပ်ပြီး ဖြတ်တောက်နေကြပါသေးတယ်။ (စတုတ္ထအကြိမ် - ဆောရီး။ )

ဒါနဲ့ပဲ..တချို့တွေက ယောက်ျားလေးတွေ ဒါကို ဒီလိုမပြုရင် ကင်ဆာ ဖြစ်တယ် ဆိုပြီး အခြေတကျ ငြင်းလာကြတယ်။ သူလုပ်ထားခဲ့တဲ့ သုတေသန စာရွတ်တွေကို ရင်ထဲမှာ ကိုင်စွဲပြီး ဟစ်ကြွေးတယ်။ တစ်ခုတော့ ကျွန်တော် ပြောချင်ပါတယ်။ ကိုယ့်ရဲ့ ကြိုက်တဲ့ လက်ညှိုးတစ်ချောင်းကိုပေါ့။ ပထမ လက်ဆစ်လေးကို နေ့တိုင်း အားနေတဲ့ အချိန်တိုင်း ဖိပြီး ပွတ်ပေးပါ။ နောက် နှစ်အတော်ကြာလာတဲ့ အခါမှာ အရိုးကင်ဆာ ( သို့ ) ကြွက်သားကင်ဆာ ဖြစ်လာနိုင်ပါတယ်။ ( မှတ်ချက်။ ။ လုပ်ကြည့်ပါ တကယ်ဖြစ်လာရင်တော့ ကျွန်တော် နဲ့ မဆိုင်ပါ။ ) ဒီလိုပါပဲ။ ဒီလို မပြုတဲ့ သူတွေကို လိုက်ပြီး လေ့လာမှာတော့ ( အပြစ်လိုက်ရှာမှာတော့ ) တွေ့မှာပဲပေါ့။ ဒါမပြုရင် ကင်ဆာ ဖြစ်တယ်။

ဒါပါပဲ...ဒါ...မာယာ။


ဒီလိုပါပဲ။ အမေရိကန်မှာ ဖို့ဒ်ကားတွေ ရောင်းအားတွင်ကျယ်ပြီး တခြား ကားကုမ္ပဏီတွေကလည်း ခေါင်းထောင်လာတော့ သူတို့ရဲ့ အချက်အချာ ရေနံထုတ်လုပ်တဲ့ အာရပ်တွေက “ အိုပက် ” အဖွဲ့ကို ဖွဲ့စည်းပြီး ရေနံဈေးကို မတရားမြှင့်တင်လိုက်တယ်။

ဒီတော့ ဆီဈေးတွေ တတ်လာတယ်။ ဆီဈေးတတ်တော့ ဆီစားနှုန်းများသော အမေရိကန်ကားကုမ္ပဏီက ကားထက် ဆီစားနှုန်းသက်သာသော ဂျပန်ကားကုမ္ပဏီက ကားကို မှာယူတင်သွင်းယူလာကြသည်။ ဂျပန်ကားများသည် သေးငယ်ပေါ့ပါးသည်။ ဈေးနှုန်းသက်သာသည်။ ဆီစားနှုန်းသက်သာသည်။ ဒါနဲ့ပဲ အမေရိကန် ကားကုမ္ပဏီတွေ “ မျက်ရည်နဲ့ မျက်ခွက် ” ဖြစ်ကြရသည်။

ဒါကို ကျော်လွှားဖို့ ချက်ချင်း မဖြစ်နိုင်တော့ သူတို့ အချိန်များစွာ ယူရင်း သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ ပြုပြင်ပြောင်းလဲနေလျှက် ဂျပန်ကားတွေ ပိုမိုကျယ်ပြန့်လာသည်။ ဒီတော့ သူတို့ အထိပ်တလန့်နဲ့ ဂျပန်ကားကို ခွဲခြမ်းစိတ်ဖြာကြည့်သည်။ ဟော တွေ့ပါပြီ။ ပါးလျလိုက်တဲ့ ကားကိုယ်ထည် သံပြား။ လုံခြုံရေး အားနည်းသည်။

ဒီတော့ ဒါတွေကို ကိုင်ပြီး သူတို့ ဂျပန်ကား နဲ့ အမေရိကန် ကားကို ခေါင်းချင်းယှဉ်ပြီး တိုက်ပြပြီး ကြော်ငြာသည်။ အမေရိကန်ကားက ရှေ့ကာဗာလေး ပိန်သွားရုံသာ။ ဂျပန်ကားမှာတော့ သွားတစ်ချောင်းမှ မရှိတော့ပဲ ကွမ်းစားတတ်တဲ့ အဖိုးကြီးအို တစ်ယောက်ရဲ့ ပါးစပ်လို ရှုံ့တွ ပိန်ကျုံ့ ဝင်လျှက်။

သုံးစွဲသူတွေ ဆီဈေးထက် အသက်ကိုတော့ အသေမခံနိုင် ဆိုပြီး ဒီဘက် ပြန်ပြေးလာခဲ့တယ်။ ဂျပန်ကားတွေ တန့်သွားပြန်တယ်။ ဒီတော့ ဂျပန်တွေကလည်း ကားဆိုတာ စီးဖို့ပါ။ ခေါင်းချင်းဆိုင် တိုက်ဖို့ မဟုတ်။ ခေါင်းချင်းဆိုင် ဝင်လာတဲ့ ကားကို ဘယ်သူက တိုက်ချင်ပါ့မလဲ။ ပေါ့ပါးစေဖို့ ၊ ဆီစားနှုန်းသက်သာစေဖို့က အဓိကလို့ပြန်လည်ဟစ်ကြွေးတယ်။

ဒါနဲ့ပဲ ကျွန်တော်တို့ သုံးစွဲသူတွေ သူတို့ လူတွေကြားမှာ တောင်ပြေးရနိုးနိုး ၊ မြောက်လှမ်းရနိုးနိုး ဖြစ်လာခဲ့ကြတယ်။ ဒါ...မာယာ။

နောက်တော့ အမေရိကန်က ဗီစီဒီစက်တွေ ထုတ်လုပ်လာနိုင်တယ်။ စပြီးထုတ်တာက NASA က။ ဒါပေမဲ့ ထိုခေတ်က ဈေးနဲ့တင် ဗီစီဒီစက်တစ်လုံးကို ဒေါ်လာ သုံးထောင် လောက်ကျသတဲ့။ ဘယ်သူမှလည်း ဝယ်မသုံးနိုင်။ အာကာသအတွက်သာ အဆင်ပြေနိုင်မယ်ပေါ့။

ဒါကို ဂျပန်က ဝယ်တယ်။ သူ့ကို နည်းပညာသာ ရောင်းပါ။ သူ လူတွေ သုံးနိုင်အောင် ထုတ်လုပ်မယ်။ အမေရိကန်က မဖြစ်နိုင်ဘူး ၊ ဒါပေမဲ့ ဂျပန်က ဝယ်တယ်။ တကယ်လည်း ဂျပန်က ဈေးပေါပေါနဲ့ ထုတ်လုပ်ပြီး လူတွေ သုံးလာနိုင်ပါတယ်။

ဒီတော့ အမေရိကန်တွေ ဈေးကြီးနေတယ် ဆိုတာကို ဂျပန်က ဈေးပေါပေါနဲ့ ရအောင် ထုတ်လုပ်ပြလိုက်တယ်။ ဒါပေမဲ့ ဂျပန်တွေလည်း နောက်တော့ ငုတ်တုပ်မေ့သွားပါတယ်။ တရုတ်တွေက သူ့ထက် ၃ ဆ လောက်ဈေးပေါအောင် ထုတ်ပြီး ဂျပန်ကို ကျော်တတ်ပစ်လိုက်တယ်။ အရည်အသွေးကတော့ “ လှယဉ်ကျေးမယ် နဲ့ စုန်းမ ” လို။

ဒါကလည်း နည်းပညာနဲ့ ဈေးကွက် ၊ ဈေးကွက်နဲ့ လူ့အရင်းအမြစ်စွမ်းအား ပြိုင်ဆိုင်မှု။ ဒါ..မာယာ။

ဂျပန်က မြန်မာနိုင်ငံမှာ ရုပ်မြင်သံကြားစနစ်တွေ တပ်ဆင်တော့မယ် ဆိုတော့ လာရောက်လေ့လာတယ်။ ပြီးတော့ စကားတစ်ခွန်းပဲ ပြောတယ်။ အခု မြန်မာနိုင်ငံရဲ့ ရုပ်မြင်သံကြားထုတ်လွှင့်ပြသဖို့ စက်ကိရိယာ တန်ဆာပစ္စည်းတွေ သူတို့ ဂျပန်နိုင်ငံက အားလုံးကို အကုန်အကျခံပါမယ်။ လွှင့်ဖို့နေရာသာ ကိုယ့်ဖာသာ စီစဉ်ကြပါ။

ဟာခနဲ အံ့သြသင့်ပြီး ဝမ်းသာသွားကြတယ်။ ဒီလောက် ဈေးကြီးတဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်ဖို့ စက်ကိရိယာတွေ အားလုံးကို အလကားပေးမတဲ့။ ပျော်ခဲ့ကြတယ်။ သို့သော်...... ( ထို သို့သော် သည် အရေးကြီးပါသည်။ )

သို့သော်...

ထို အချိန်က ကမ္ဘာမှာ Multi စနစ် မရှိသေး။ PAL နဲ့ NTSC စနစ်သာ ရှိသည်။ အမေရိကန် ၊ အင်္ဂလန် က အုပ်စိုးနေသော နိုင်ငံတွေမှာ PAL စနစ်ကို သုံးသည်။ ဂျပန်က NTSC ။ ဒါကြောင့် ဂျပန်တို့ရဲ့ စေတနာနဲ့ ကျွန်တော်တို့ ရုပ်မြင်သံကြားကို ကြည့်ခွင့်ရခဲ့သည်။ ထိုသို့ ရုပ်မြင်သံကြားကို ကြည့်ရဖို့ ဂျပန်က လာသော NTSC တီဗီများကိုသာ ဝယ်၍ ကြည့်ရှုရသည်။ ရတယ်လေ ဘာပဲ ဖြစ်ဖြစ် ကြည့်ရရင် ပြီးတာပဲ။

ဒါပေမဲ့ မှတ်မိကြပါဦးမည်။ ကုလားကားတွေဆိုလျှင် ကျွန်တော်တို့ ကြည့်၍ မရ။ ကုလားကားတွေက PAL စနစ်တွေ ဟုဆိုသည်။ ဒီလို NTSC နဲ့ ထုတ်လွှင့်သော ဂျပန် စက်တွေနဲ့ ရုပ်မြင်သံကြားထုတ်လွှင့်တော့ ကျွန်တော်တို့တွေလည်း NTSC နဲ့ပဲ ထုတ်လုပ်သော ဂျပန် စက်များကိုသာ ဝယ်ယူ၍ ကြည့်ရှုရလေတော့သည်။ ထို့ကြောင့် တခြားနိုင်ငံတွေမှ PAL စနစ်ဖြင့် ထုတ်လုပ်သော တီဗီများကို ဈေးကွက်ထဲ ဝင်လို့မရ။

ဒါနဲ့ပဲ ဂျပန်က မြန်မာနိုင်ငံကို ရုပ်မြင်သံကြား ထုတ်လွှင့်စက်တွေ အလကားတပ်ပေးပြီး သူတို့ စနစ်နဲ့မှ ကြည့်၍ရသော ရုပ်မြင်သံကြားများ ၊ ဗီဒီယိုပြစက်များကို ရောင်းချခြင်းဖြင့် အမြတ်ငွေပေါင်းများစွာကို နှစ်ပေါင်းများစွာ သဲ့ယူသွားပါတော့တယ်။ ဒါမျိုး မြန်မာနိုင်ငံမှာတင်မကပါ။ ဂျပန်နိုင်ငံ ဒီလိုလုပ်သွားခဲ့သော နိုင်ငံများစွာ...။

ဒါက ကမ္ဘာမှာ ဂျပန်တွေ ပထမဦးဆုံး ကျင့်သုံးသွားတဲ့ “ ဈေးကွက် ထိုးဖောက်မှု ” ။ ဒါ..မာယာ။

အခုတော့လည်း Multi စနစ် တွယ်ကျယ် ဝေ့ဝဲစွာ ပေါ်ထွက်လာပြီ ဖြစ်သောကြောင့် ဂျပန် တစ်နိုင်ငံထဲတော့ လက်ဝါးကြီး အုပ်ထားလို့ မရတော့ပါ။ အခု လတ်တလောကတော့ သူ့ပစ္စည်းကို အရည်အသွေးကောင်းကောင်းနဲ့ သင့်တော်သော ဈေးနဲ့ ရောင်းတယ်။ ဒါပေမဲ့ သူ့ပစ္စည်းနဲ့ တွဲသုံးရသော ပစ္စည်းများကို သူများနဲ့ မတူအောင် လုပ်ထားပြီး ဈေးမြင့်မားစွာ ရောင်းနေသော ကုမ္ပဏီက “ SONY ” ။

သူ့ပစ္စည်းတွေ အရည်အသွေးကောင်းပါတယ်။ သို့သော် နောက်ဆက်တွဲ ပစ္စည်းတွေက တန်ဖိုး မြင့်မားလွန်းတယ်။ ဥပမာ - ကင်မရာကိုပဲ ကြည့်။ သူကမှာ ထည့်ရတာက သူများတွေလို ရိုးရိုး SD Card မဟုတ်။ SONY MEMORY STICK PRO DUO တဲ့။
မချစ်လို့တော့ မဟုတ်ဘူး ၊ မတတ်နိုင်လို့ပါ :P ၊ SONY ကို ကျွန်တော် ရှောင်တယ်။




ဒါပါပဲ..ဘယ်နေရာမှာ မဆို။ စီးပွားရေးနဲ့ ပတ်သတ်ပြီး လူမှုရေးပါ ပါဝင်ပတ်သတ်ပြီး မီဒီယာတွေက အမျိုးမျိုးထုတ်လွှင့်ကြတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့ သာမာန်လူသားတွေက ဟိုဟာလည်း ကြောက်ရ ဒီဟာလည်း ကြောက်ရ ဖြစ်ပြီး ဘာလုပ်ရမှန်း မသိ။ ဒါ..မာယာ။

ငယ်ငယ်က သုတစွယ်စုံတွေ ဖတ်ပြီး ကျွန်တော် ရင်တွေတုန် ၊ ခေါင်းတွေနောက် ဖြစ်ဖူးတယ်။ ၁၉၉၄ လောက်ကပေါ့။ လက္ခဏာဆရာကြီး ကိုင်ရို က သူရဲ့ ကမ္ဘာအတွက် တစ်သက်စာ ဟောစာတမ်းထဲမှာပါတယ်တဲ့။ ၁၉၉၉ ခုနှစ်ကျရင် ကမ္ဘာပျက်မယ် တဲ့။

ဟာဗျာ..အထိတ်တလန့်နဲ့ပါပဲ။ ကျွန်တော့်အဖေကို မေးတော့ ဖေဖေက ...

“ ပျက်တော့လည်း ပျက်ပေါ့ သားရယ်။ ဘာဖြစ်လဲ။ အားလုံး သေကြရမှာပဲလေ။ ”

တဲ့ ။ လေသံအေးအေးနဲ့ စိုးပိုင် သီချင်း ညည်းသလို ပြောတယ်။ ကျွန်တော်ကတော့ ထိန့်လန်ခြောက်ခြားနေခဲ့မိတယ်။ အခုတော့ အဲ...သက္ကရာဇ် ဘယ်လောက်ပါလိမ့်။ အော်...၂၀၁၀ တောင်မှ ရောက်နေပါရောလား။

ကျွန်တော် မသေသေးဘူး။
ကျွန်တော် မသေသေးဘူး။
ကျွန်တော် မသေသေးဘူး။
( သုံးကြိမ် တိုင်တိုင် ဟစ်ကြွေးလိုက်တယ်။ )

ကမ္ဘာလည်း မပျက်သေးဘူး။ ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ်။

အခု..၂၀၁၂ ကမ္ဘာ ပျက်မယ် ဆိုပဲ။ လူဦးရေရဲ့ သုံးပုံ တစ်ပုံပဲ ကျန်မယ်တဲ့။ ကျွန်တော် မယုံပါဘူး။ ကျွန်တော် ကမ္ဘာကြီးကိုပဲ ယုံတယ်။ ဒါဟာ...မာယာ။

ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ်။ မင်းကတော့ မာယာ မများပါဘူး။ လူတွေက မင်းကို မာယာ များသလို လုပ်နေတာ။ ဘာပဲ ပြောပြော မင်းကိုတော့ ငါ ချစ်တယ်။ တကယ်တော့ မာယာများတဲ့ ကမ္ဘာ ဆိုပေမဲ့ မင်းက မာယာမများပါဘူး။ လူတွေကသာ မာယာများနေကြတာလေ။

လေးစားစွာဖြင့်
ကိုဇော် ရှာဖွေစုစည်းသည်။


.
Share/Bookmark