မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


05 June 2016

1 စာအန်ခြင်း (၂)

" စာအန်ခြင်း (၂) "

မျိုသိပ်ရလွန်းလို့
" အ " သွားတဲ့ လူတစ်ယောက်ပါ။

ချစ်ရေးချစ်ရာ ဆိုတာ
အပြစ်ရေး ၊ အပြစ်ရှာလောက်
မလွယ်ကြောင်း လူတချို့ကို
မ . . .ရှင်း . . . ပြ . . . မိ . . . ဘူး။

မျိုသိပ်ရလွန်းလို့
" အ " သွားတဲ့ လူတစ်ယောက်ပါ။

ချစ်ရသူရဲ့ မျက်နှာ မြင်ရခြင်းဟာ
ကျောက်ခေတ်က လူတွေ " လ " ကို မြင်ရသလိုပဲ လို့
ရင်ဖွင့် အသံထွက်ကာ
မ . . . ရှင်း . . . ပြ . . . မိ. . . ဘူး။

မျိုသိပ်ရလွန်းလို့
" အ " သွားတဲ့ လူတစ်ယောက်ပါ။

လက်ခုပ် ဆိုတာ
နှစ်ဘက် တီးမှ မြည်နိုင်ပေမယ့်
အချစ် ဆိုတာက အသံမြည်စရာ မလိုကြောင်း
မ . . . ရှင်း . . . ပြ . . . မိ . . . ဘူး။

မျိုသိပ်ရလွန်းလို့
" အ " သွားတဲ့ လူတစ်ယောက်ပါ။

သုတေသီတွေရဲ့ အဆိုအရ
ငါးတွေဟာ ငိုကြွေး တတ်ကြကြောင်း သိခဲ့ရပြီး
ဘာကြောင့် မိုးရေထဲ ခဏခဏ ထွက်လျှောက်ကြောင်း
မ . . . ရှင်း . . . ပြ . . . မိ . . . ဘူး။

မျိုသိပ်ရလွန်းလို့
" အ " သွားတဲ့ လူတစ်ယောက်ပါ။

လက်နဲ့ ယက်ပြီး နှင်နှင်
မျက်စိမျက်နှာနဲ့ နှင်နှင်
အနှင်ခံရသူရဲ့ခံစားမှု ဆိုတာကို
မ . . . ရှင်း . . . ပြ . . . မိ . . . ဘူး။

မျိုသိပ်ရလွန်းလို့
" အ " သွားတဲ့ လူတစ်ယောက်ပါ။

ကိုယ့်ကို မြင်နေပေမယ့်
မမှတ်မိတော့တာထက် စာရင်
မှတ်မိနေမယ် ထင်ပြီး မတွေ့တော့တာက သာကြောင်း
မ . . . ရှင်း . . . ပြ . . . မိ . . . ဘူး။

မျိုသိပ်ရလွန်းလို့
" အ " သွားတဲ့ လူတစ်ယောက်ပါ။

ဇီဝဇီုးတွေ အန်ပါများရင်
သွေးစ သွေးနတွေ ပါလာတတ်သလို
လူက ရင်ထဲမှာ နှလုံးကွဲကာ သွေးလွန် နိုင်ကြောင်း
မ . . . ရှင်း . . . ပြ . . . မိ . . . ဘူး။

မျိုသိပ်ရလွန်းလို့
" အ " သွားတဲ့ လူတစ်ယောက်ပါ။

ရပါတယ် ၊ အဆင်ပြေပါတယ်
သဘောပါပဲ ၊ အိုကေလေ လို့ ဆိုပြီး
အခု ကျနော် မိုးရေထဲ လမ်းလျှောက်နေတဲ့ အကြောင်း
မ . . . ရှင်း . . . ပြ . . . တော့ . . . ဘူး။

ကိုဇော်
5-Jun-2016

( http://zaw357.blogspot.com/2013/03/blog-post_21.html?m=1 မှာတော့ " စာအံခြင်း ( ၁) " ကို ဖတ်နိုင်ပါတယ်။ )

.
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Aunty Tint said...

စာအံခြင်း(၁) ထူးခြားကဗျာတစ်ပုဒ်အနေနဲ့ မှတ်မိနေတယ် စာအံခြင်း(၂) ကဗျာလေး ဖတ်သွားပြီ သားဇော်ရေ။
ရှင်းသင့်တာတော့ ရှင်းသင့်တယ်ပေါ့။ မရှင်းလေရှုပ်လေ ရှုပ်လေမရှင်းလေနဲ့ သံသရာမှာလည်နေမှာစိုး
ပုထုဇဉ်လူသားတစ်ယောက်အနေနဲ့ မျိုသိတ်ရလွန်းလို့ 'အ'သွားကြတာ ဓမ္မတာ ထင်ပါရဲ့ ^_^