14 March 2014
2 ဝေးကွာခြင်း
" ဝေးကွာခြင်း "
နေရာ ဝေးကွာသူတွေက
တောင်ဝင်ရိုးစွန်း နှင့် မြောက်ဝင်ရိုးစွန်းမှာ
ဆီးဆော စီးနေကြသလို ဝေးကွာနေကြရတယ်။
အချိန် ဝေးကွာသူတွေက
သူ့ဆီမှာ နေထွက်ချိန်မှာ ကိုယ့်ဆီမှာ လသာ
အိပ်ချိန် ၊ နားချိန်တွေကို လျော့ချရင်း ဝေးကွာကြရတယ်။
ဘာသာ ဝေးကွာသူတွေက
အတ္တ အစွဲ တစ်ခုအပေါ် အမှီပြုရင်း
သူမကောင်း ၊ ကိုယ်ကောင်း ငြင်းခုန်ကြရင်း ဝေးကွာကြရတယ်။
ခံစားချက် ဝေးကွာသူတွေက
အခန်းတစ်ခန်းထဲ အတူရှိနေလျက်တောင်
ပြောစရာ စကားရှားပါးပြီး ဝေးကွာကြရတယ်။
သဘောထားခြင်း ဝေးကွာသူတွေက ကုတင်တစ်လုံးထဲမှာ အိပ်နေရင်း
တစ်ယောက် တစ်ဖက်စွန်းအဖြစ် ဝေးကွာကြရတယ်။
စိတ်ခြင်း ဝေးကွာသူတွေက
မျက်နှာချင်း ဆိုင်နေရင်း
တစ်ယောက်ကို တစ်ယောက် မမြင်နိုင်လောက်အောင် ဝေး . . . ကွာ . . . ကြ . . . ရ . . . တယ်. . .။
ကိုဇော်
13.3.2014 - 10:34am
.
2 ယောက် ရဲ့ ထင်မြင်ချက်:
စိတ်ကူးကောင်းတော့ ကဗျာကောင်းလေး ဖြစ်ပေါ်လာတယ် သားဇော်ရေ...
ကံတရားသာ မျက်နှာသာပေးခဲ့ရင်
ချစ်ခင် ကြင်နာ ယုံကြည် နားလည်မှုတွေနဲ့ ဝေးကွာခြင်းကို လူသားတိုင်း အံတုနိုင်ကြရင် အကောင်းဆုံးပေါ့ကွယ်....
မေတ္တာဖြင့်
တီတင့်
အတွေးလှတဲ့ ကဗျာကောင်းလေးကို ဖတ်ရှုသွားတယ်ရှင့်။
Post a Comment