ကျွန်တော် အခု အိပ်ယာက နိုးတယ်။ ကွန်ပျူတာလေး ဖွင့်ပြီးတော့ မေးလ် ဘာညာစစ်တယ်။ Facebook ဝင်တယ်။ အသံဖိုင် တစ်ဖိုင်ကို တွေ့တယ်။ နားထောင်မိတယ်။ ချက်ချင်း လူက မယုံမရဲနဲ့ ကိုယ့်ကိုယ်ကိုယ် အိပ်ပျော်နေပြီး အိပ်မက် မက်နေသလိုပဲ ခံစားရတယ်။
ကိုယ့်ကိုယ်ကိုယ် သေချာအောင် လမ်းနည်းနည်း လျှောက်ကြည့်တယ်။ အစစ်ဗျ။ ကျွန်တော့် အိပ်မက် မက်နေတာ မဟုတ်ဘူး။ ဒါပေမဲ့ လူက အကျင့် မကောင်းဘူး ၊ ခံရဖန်များလာတော့ အစစ်ကို တွေ့တာတောင်မှ ၊ အစစ်လို့ ပြောနေတာတောင်မှ မှတ်ကျောက်တိုက်ကြည့်ချင်တယ် ၊ ငရဲမီး စားကြည့်ချင်တယ် ဆိုသလို ဖြစ်နေတယ်။
ဟုတ်ရဲ့လား . .
ဟုတ်တယ်နော် . .
ဟုတ်မှ ဟုတ်ရဲ့လား . . . .ဆိုပြီးတော့ တစ်ယောက်ယောက်ကို ပြောချင်ပေမဲ့ ဘေးနားမှာ လူမရှိဘူး။ ဒါနဲ့ အွန်လိုင်းပေါ်ပဲ တက်ပြောလိုက်ပါတယ်။
ဟုတ်ရဲ့လား . .
ဟုတ်တယ်နော် . .
ဟုတ်မှ ဟုတ်ရဲ့လား . . . .ဆိုပြီးတော့ တစ်ယောက်ယောက်ကို ပြောချင်ပေမဲ့ ဘေးနားမှာ လူမရှိဘူး။ ဒါနဲ့ အွန်လိုင်းပေါ်ပဲ တက်ပြောလိုက်ပါတယ်။
နောက်တော့ အားလုံးလည်း နားထောင်ပြီးတော့ တကယ်ပါ ၊ အစစ်ပါ ၊ အဟုတ်ပါ လို့ ယုံကြည်စွာနဲ့ နားထောင်နိုင်စေဖို့ မျှဝေ လိုက်ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ သမ္မကြီး ဦးသိန်းစိန် ရဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ရပ်တန့်ထားလိုက်ပြီ ဆိုတဲ့ သဝဏ်လွှာ အသံဖိုင်ပါ။
ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံး ကိုယ်စား တကယ်ကို ဝမ်းသာ ဂုဏ်ယူမိပါတယ်။ မကောင်းတာကို မကောင်းဘူး ပြောရဲရမှာ ဖြစ်သလို ၊ ကောင်းတာကိုလည်း ကောင်းတယ်လို့ ပြောနိုင်ရမှာပါပဲ။ အခုလို ပြည်သူ့တွေရဲ့ သဘောထားကို လိုက်လျောပြီးတော့ မြစ်ဆုံစီမံကိန်းကို ရပ်တန့်လိုက်ပြီ ဆိုတဲ့ သတင်းကတော့ သတင်းကောင်းပဲ မဟုတ်ပါလား။
ဒီအသံဖိုင်လေးထဲမှာ ပါတဲ့ အတိုင်း ထာဝစဉ် အမြဲ တည်တံ့နေနိုင်ပါစေ ဧရာဝတီရယ်။ ဤ အသံဖိုင်လေးမှာ ပါတဲ့ အကြောင်းအရာတွေလည်း အစဉ်အမြဲ တည်တံ့နေနိုင်ပါစေ။
ဤနေရာမှ ထပ်ဆင့်မျှဝေယူပါသည်။ ကျေးဇူးပါ။
လေးစားစွာဖြင့်
ကိုဇော်
30.9.2011
13 ယောက် ရဲ့ ထင်မြင်ချက်:
'မြစ်ဧရာ'ထာဝရ အေးချမ်းစွာ စဉ်ဆက်မပြတ်စီးဆင်းနိုင်ခွင့် ရှိပါစေလို့ ဆုတောင်းပါတယ် ကိုဇော်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဝမ်းသာစရာပဲ ကိုဇော်ရေ။ ဧရာဝတီ ထာဝစဉ် တည်တံ့ပါစေ...
ဝမ်းသာစရာ သတင်းပေဘဲ။ သမတကြီးစကား အစဉ်တည်တံ့ပြီး ရေကာတာစီမံကိန်းကြီးလဲ ထာဝစဉ် ရပ်ဆိုင်းနိုင်ပါစေ။
ခင်မင်လျှက်
မြန်မာတွေ စည်းလုံးကြပြီ...
ဒါ ရလဒ်ကောင်းပဲ :)
Good news.But....Wait and see.Wait and see.....:)
Gyidaw
တကယ်လား....???
တကယ်ဖြစ်ပါစေစေစေေ
ဝမ်းသာလိုက်ထှာာာ
မောင်ဘကြိုင်
မြစ်ဆုံစီမံကိန်းကို ရပ်တန့် လိုက်ပြီဆိုတဲ့သတင်းထက် မြစ်ဆုံစီမံကိန်းကို
ဖြတ်သိမ်းလိုက်ပြီ ဆိုတဲ့သတင်းမျိုးကို ပိုကြားချင်ပါရဲ့ဗျာ
အခုတော့ မချင့်မရဲ
မတင်မကြ
နဲ့  သက်ပြင်းတစ်ဝက်ချပြီး စိတ်တစ်ပိုင်းယုံလေးပါ အစ်ကိုဇော်ရေ
လှိုင်ဘွား(သီချင်းအိမ်)
အကိုကြီး ကိုဇော်..
ဒီ သတင်း လေးအတွက်ကျေးဇူးပါဗျာ။
သမတကြီး ကိုလည်းလေးစားမိပါတယ်
ပြည်သူ တွေရဲ့အသံ ကိုနားထောင်နေပေးလို့ပါ။
ဝမ်းသာပါတယ်ဗျာ... ဖြောင်း.. ဖြောင်း... ဝမ်းသာအားရ လက်ခုပ်တီးသွားပါတယ် ကိုဇော်...
ဒါဟာ ကျွန်တော်တို့ အတွက် သတင်းကောင်းပါ...
ခုလိုကိစ္စက ကြိုဆိုရမှာပါ .. ၀မ်းမြောက် ၀မ်းသာကြိုဆိုပါတယ် .. ဒီလိုပဲ တဖက် တထစ်ချင်းလျော့သွားရင် နောက်ဆုံးမှာ အဆင်ပြေအောင်မြင်နိုင်မယ်ယူဆပါတယ် .. ကောင်းတဲ့အပြုအမူကို ကောင်းတယ်လို့ ၀န်ခံရဲရမှာပါး)
ကိုဇော် ရေ
အတူတူ ကန့်ကွက်ခဲ့ကြတယ် အတူတူ ပျော်ကြမယ်
ခင်မင်တဲ့
ရွှေစင်ဦး
အသံလေးနဲ့ ဆိုတော့ တစ်မျိုးပါလား
ဟုတ်တယ်အကိုရေ ညီမလေးလည်း အဲလိုပဲ fb မှာ ပထမဆုံးသိရတော့ ပျော်လိုက်ရတာ တစ်မျိုးပဲ :):)
Post a Comment