# iPad သမားကလည်း မြန်မာလို ကောင်းကောင်းပေါ်ဖို့ လုပ်ရင်းနဲ့ ဒုက္ခရောက်ရတယ်။
# iPhone သမားကလည်း Flash တွေ မမြင်ရလို့ မချိတင်ကဲနဲ့ ဒုက္ခရောက်ရတယ်။
# သူဌေးကြီးကလည်း ဘဏ်တွေ ဖျက်သိမ်းပြီး ဒေဝါလီခံသွားမှာကို တွေးပြီး ဒုက္ခရောက်တယ်။
# လမ်းဘေးဈေးသည်လေးကလည်း တစ်နေ့ အမြတ် ၃၀၀၀ မပြည့်မှာကို စိုးရိမ်ပြီး ဒုက္ခရောက်တယ်။
# ကျောင်းသားလေးကလည်း ဆရာမဆီမှာ ကျူရှင် မတတ်နိုင်ရင် မျက်နှာငယ်ပြီး ဒုက္ခရောက်တယ်။
# ဆရာကလည်း ကျူရှင်ခတွေ နည်းလို့ တိုးတောင်းရင် ကောင်းမလား ဆိုပြီး ဂဏာန်းပေါင်းစက် တစ်လုံးနဲ့ ဒုက္ခရောက်ရတယ်။
# မာစီဒီကားကြီး စီးသူကလည်း သူ့ကားကို အကြွေစေ့နဲ့ ခြစ်သွားမှာ တွေးပြီး ဒုက္ခရောက်ရတယ်။
# ဘတ်စ် စောင့်နေတဲ့ လက်လုပ်လက်စားကလည်း ကားကြပ်လို့ အလုပ်နောက်ကျမှာ စိုးရိမ်ပြီး ဒုက္ခရောက်ကြတယ်။
# လေယာဉ်ပျံ ပိုင်ရှင် သူဌေးကြီးကလည်း အခု စီးနေတဲ့ လေယာဉ်ပျံကို သေးတယ် ဆိုပြီး စိတ် ဒုက္ခရောက်ကြတယ်။
# ညနေစာကို အကြော်ဝယ်စားပြီး ဖြေရှင်းနေရတဲ့ မိသားစုကလည်း ဆီဈေးတတ်ပြီး အကြော်ဈေးတတ်မလား လို့ ဒုက္ခရောက်ကြတယ်။
*** လူဆိုတာ စိတ် ရှိနေသ၍ ကိုယ့်ရဲ့ လုပ်ရပ် ၊ ကိုယ့်ရဲ့ အတွေး ၊ ကိုယ့်ရဲ့ ပစ္စည်းကြောင့် ဒုက္ခရောက်နေကြရတဲ့ သတ္တဝါတွေပါပဲ။ ***
မှတ်ချက်။ ။ အခုမှ facebook မှာ Note အသစ်လေး ရေးမလို့ ကြည့်လိုက်တော့ facebook မှာ ရေးထားပြီးတော့ ဘလော့မှာ မတင်ထားမိလို့ တင်လိုက်ပါတယ်။ အဟောင်းတစ်ပုဒ်ပါ။ အဲဒီတုန်းက ဘာကြောင့် ချရေးမိတာလဲတော့ မမှတ်မိတော့ပါဘူး။
လေးစားစွာဖြင့်
ကိုဇော်
26.6.2011
11 ယောက် ရဲ့ ထင်မြင်ချက်:
ဒုက္ခက ပျားရည်စက်လိုချိုတယ်တဲ့ အစ်ကိုရေ.. .
လူတွေရှိနေသရွှေ့ အခက်အခက်နဲ့ ဒုက္ခတွေ ရှိနေဦးမှာပါ။ တစ်ယောက်နဲ့ တစ်ယောက်အမြင်ချင်း မတူကြသလို နားလည်မှုခြင်း မတူညိကြပါဘူး
င်္ဒိတော့ ဘဝမှာ အခက်အခဲတွေ ဒုက္ခတွေ များနေရတယ်လို့ ညီထင်ပါတယ်ဂျာ ...
ဖတ်သွားပါတယ် အစ်ကို
အသိပေးလို့ ကျေးဇူးပါ။
လူတွေကမွေးလာကတည်းက ဒုက္ခနဲ့မှမကင်းကြပဲကိုး အဲဒီတော့ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် လူမှန်ရင် ဒုက္ခနဲ့နှစ်ပါးသွားနေကြသူတွေချည့်ပါပဲ။ ဒုက္ခအနည်းအများကွာရုံပဲရှိတာပါ။
ဒုက်ခနှင့်ရင်းပြီးမှ သုခအစစ်မှန်ကို ရတတ်ကြတာ မဟုတ်လား။ ဒါကြောင့် လူတိုင်းမှာ ဆိုင်ရာဆိုင်ရာ ဒုက်ခတွေ ရှိနေကြတာကလား။
ဧကရာဇ်ဘုရင်က ပလင်ပျောက်မှာစိုးတဲ့ ဒုက်ခ။
သူတောင်းစားက ခွက်ပျောက်မှာစိုးတဲ့ ဒုက်ခ။
အမှန်ကတော့ ဒုက်ခဟာ ဒုက်ခပါဘဲ။ သုခမှ မဟုတ်တာ။း))))
ခင်မင်လျက်
ဒီ ပို့စ် ဖတ်ပြီး ဘ၀=ဒုက်ခ ဆိုတာသိလိုက်ရတယ်.........
ဘ၀ဆိုတာရှိနေရင် ဒုက္ခဆိုတာလဲ
တွဲလျှက်ပါပဲ
ဒါကိုမြင်တတ်ပြီးရေးပြနိုင်တာက
ပညာပါတဲ့.....
ချမ်းမြေ့ပါစေရှင်။
လူတိုင်းနဲ့ရင်းနီးတဲ့ချစ်စရာကောင်းသောမောင်ဒုက္ခလို့ခေါ်ချင်ပါဘိဗျာ.....။
'ဒုက္ခများမြောင်လူတို့ဘောင်' ဆိုသလိုပေါ့ကွယ်။
အန်တီတင့်လည်း ကွန်နက်ရှင်မကောင်းလို့ ပို့စ်ကို
မရမခြင်းတင်နေရတဲ့ ဒုက္ခ :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အားလုံးသောလူတွေလည်း သူ့အခြေအနေ၊ သူ့ပိုင်ဆိုင်မှု တွေနဲ့သူ ဒုက္ခတောထဲမှာ ဝဲနေကြရတာပဲနော်။
ခင်မင်လျက်
သဒ္ဓါ
စာသင်တဲ့ ဦးဟန်ကြည်ကလည်း စာကျက်ပျင်းတဲ့ ကျောင်းသားတွေ စာကျက်အောင် ဘယ်လို တွန်းအားပေးရမလဲဆိုတာ နေ့ရှိသမျှ စဉ်းစားရ၊ အကြံထုတ်ရတာ တစ်ဒုက္ခ...
စာကျက်ပျင်းတဲ့ ကျောင်းသားတွေကလည်း ဦးဟန်ကြည်ရှေ့မှာ ကြိုးစားချင်ယောင်ဆောင်ပြီး ကွယ်ရာမှာ ပျင်းချင်တိုင်းပျင်းဖို့ အားထုတ်ရတာလည်း တစ်ဒုက္ခ...
တစ်ဒုက္ခနဲ့ တစ်ဒုက္ခပေါင်းတော့ နှစ်ဒုက္ခ...
ဒုက္ခတွေစုထားတာကို ဖတ်မိပြီး ကိုယ့်ဒုက္ခတွေကို ပြန်စဉ်းစားမိသွားတာလည်း တစ်ဒုက္ခ...
စောစောက နှစ်ဒုက္ခနဲ့ပေါင်းမိတော့ သုံးဒုက္ခ...တော်ပြီ ပြန်မှပဲ ကြာရင် ဒုက္ခပိုများလာလိမ့်မယ်...
ကိုဇော်ကလည်း မိန်းမမရသေးလို့ တွေးနေရင်း နဲ့ ဒုက္ခရောက်တယ်။ မိန်းမရပြန်ရင်လည်း ဒုက္ခ များလာမှာတွေးမိပြီး ဒုက္ခရောက်တယ်။
လာလည်သွား တယ်အစ်ကို.
Post a Comment