လေးစားရပါသော စာဖတ်သူများ ခင်ဗျာ။
၁၂ ရက်နေ့က ကျွန်တော် စာရေးနေပါသေးတယ်။ ဒါပေမဲ့ ရေးနေရင်း ရင်ခုန်စရာ သတင်းကို ကြားပြီးတော့ ဖြစ်မှ ဖြစ်ပါ့မလား ဆိုတဲ့ အတွေး ၊ ဖြစ်များ ဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးတွေကြောင့် စာလည်း ဆက်မရေးနိုင်တော့ပါဘူး။ မောတာ နဲ့ ပျော်တာ ရောသွားတယ် ဆိုပါတော့ဗျာ။ ဒါနဲ့ပဲ နောက်နေ့ ၁၃ ရက်လည်း ရောက်ရော ကိုယ့်အမျိုးတွေ မပါဘဲနဲ့ကို အလွန်ကို ပျော်သဗျာ။ ဝမ်းလည်း လွှတ်သာတယ်။
ဒါနဲ့ပဲ ဒီနေ့ အထိ စာရေးဖို့ ပြန်ပျင်းသွားပြန်ရော ဆိုပါတော့။ ဒါပေမဲ့ ဒီနေ့တော့ ပျော်စရာ နှစ်သစ်ကူးပြီး ပျော်စရာ သတင်းတွေ ကြားအပြီးမှာ ရယ်စရာ ပျော်စရာလေး ဖြစ်အောင် " ပုံအတွေး " ပုံလေး တစ်ပုံကို တင်လိုက်ပါတယ်။ ဒီပုံလေးကို ကြည့်ပြီးတော့ လွတ်နေတဲ့ စာနေရာမှာ ဘာဖြည့်ရေးရင် ကောင်းမလဲလို့ ဝိုင်းတွေးကြည့်ရအောင်ဗျာ။
အပျော်ပေါ့။
ဒါပေမဲ့ ဒီလို ကိုယ်တွေးလိုက်တဲ့ အပျော် အတွေးလေးက မြန်မာနိုင်ငံမှာ မတ်လဆိုရင် သုံးသိန်းကျပ်နဲ့ ရောင်းမဲ့ စီမံချက်အစား မြန်မာနိုင်ငံသား အားလုံး လွယ်ကူစွာ သုံးစွဲ ဝယ်ယူနိုင်သော ၅၀၀၀ ကျပ်တန် ဟန်းဖုန်း စီမံချက် အတွက် အထောက်အကူသာ ဖြစ်လာခဲ့မယ် ဆိုရင် အခုလို တွေးရ ရေးရတာလေးက ပျော်စရာလေး အပြင် ပီတိလေးပါ ဖြစ်လာရမှာပေါ့ဗျာ။
ဒီပို့စ်လေးရဲ့ ခေါင်းစဉ် " ဝိုင်းတွေးကြည့်ရအောင် " ဆိုတာလေးကို ထပ်နှိပ်လိုက်ပါ။ ဒါဆိုရင် ပို့စ်ရဲ့ အောက်ခြေမှာ " x ရဲ့ ထင်မြင်ချက် " ဆိုတာလေးကို နှိပ်ပြီးတော့ Comment ရေးပြီး အတွေးလေးကို ထားခဲ့နိုင်သလို ၊ ပို့စ်ရဲ့ အောက်ခြေမှာ ပေါ်လာသော Facebook Plus In Comment Box လေးမှာလည်း ရေးထားခဲ့လို့ ရပါတယ်။
ပျော်စရာ အတွေးလေးပေါ့ဗျာ။ အမှတ်တရလေး ရေးခဲ့ကြပါဦး။
ဒီပုံလေးရဲ့ မူရင်း ကာတွန်း ဆရာက " ဟာကျူလီ " လို့ သိရပါတယ်။ သူ့ဆီကနေ တိုက်ရိုက် ခွင့်တောင်းထားခြင်း မရှိပါဘူး။ Facebook ကနေ ကျွန်တော် ယူတင်လိုက်တာပါ။
လေးစားစွာဖြင့်
ကိုဇော်
15-Jan-2012
12 ယောက် ရဲ့ ထင်မြင်ချက်:
“ဟုတ်ရင် ဟုတ်ပေါ့ကွာ..မင်းရှေ့ က ဈေးကြီးတဲ့ အပေါ်စားဖုန်းတွေလို လာလို့ကတော့..”
"မင်းကွာ.. အချိန်ကခါ၊ နေရာလေးများ ရွေးပါဦးတော့..။း("
အရည်အချင်းမမှီသေးဘူး သားဇော်ရေး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
း)း)
ဟိဟိ တွေးတတ်ဖူးရယ် ကာတွန်းကတော့ကြည့်တာနဲ့တင် ရီချင်စရာပဲး)း)
ညဏ်ကွန့်သူများတွေးပေးကြပါး)းp
မင်းတို့ရှေ့က ၃သိန်းတန်တောင် ငါခွင့်ပြုချက်ချမပေးရသေးဘူး။ မင်းက ငါ့ကို ကျော်ချင်တာလား။ ၅သိန်းတန် တွေနဲ့တောင် ငါ့မှာ မနိုင်မနင်းဖြစ်နေတာ။
ဒင်းတော့လား..မလောက်လေး မလောက်စားနဲ့ ခုတော့ မြန်မာတင်မကဘူး ကမ္ဘာကပါ သိကုန်ပြီ .....:):)
မင်း... မလာခဲ့နဲ့နော်။ လာရဲရင်လာကြည့်။ ငါ့အကြောင်း သိမယ်။ ဘယ့်နှယ် စီနီယာကို ကျော်တက်ချင်နေတယ်တဲ့။ ကတောက်....
တွေး ရှည်နေလို့
“ဘာကွ မင်းက တူသလား တန်သလား”
တွေးမိသလောက်လေးပေါ့ ကိုဇော်ရေ...
ဟေ့ကောင်.. မင်းလည်းနံပါတ်ပဲရှိပြီး ဆက်သွယ်မှုပျောက်နေမယ့် ငမြောက်၊ငခြောက်ပဲမလား...
ကျွန်မ ညံ့ပါသေးတယ်။
ကိုယ်တိုင်တွေးလိုက်တဲ့အတွေးတိုင်းကို ကိုယ်တိုင်မကြိုက်ဖြစ်နေတယ်။
ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်
ငါဘယ်လောက်ရှည်ရှည် တစ်ယောက်တည်းနဲ့မနိုင်ဘူးဆိုတာ မသိဘူးလားကွ.... မင်းတို့က အုပ်လိုက်ချီတက်လာပြီး ငါတစ်ယောက်ပဲ ဒိုင်ခံအဆဲခံရတာ. သွားသွား မင်းထွက်သွား....
ဟီးးးးးးးးးးးးးးးးးး
Post a Comment