သြော် . . . ဘာလိုလိုနဲ့ ကြမ်းပေါက်ကျွံလို့ အောက်ထပ်ကို ခြေချဖူးသလို ဘလော့လောကထဲကို မထင်မှတ်ဘဲ ရောက်ခဲ့တာပါ။ စိတ်ထဲမှာ ထက်ထက်သန်သန် ဖြစ်လာတဲ့ နေ့မှာ ချက်ချင်း ထပြီးတော့ ဘလော့ ရေးမကွ ဆိုပြီး ဘလော့ ထလုပ်ပြီး ရေးဖြစ်သွားတာပါ။
အဲဒီ့ နေ့က ဘာနေ့တွေ ဘာညာတောင်မှ သတိမထားခဲ့မိပါဘူး။ ဒီလိုနဲ့ ထူးခြားတိုက်ဆိုင်စွာ 25-Dec ဖြစ်ပြီးတော့ ခရစ္စမတ်နေ့နဲ့ လာရောက် တိုက်နေခဲ့တာပါပဲ။ ဒါနဲ့ပဲ ကျွန်တော် ဘလော့လေးဟာ ခရစ္စမတ်နေ့မှာ စလုပ်ခဲ့တယ်လို့ ပြောလို့ ရသလို ခရစ္စမတ်နေ့တိုင်းလည်း နှစ်ပတ်လည်နေ့ ဖြစ်နေဦးမှာပါပဲ။
ဒီနေ့ 25-Dec-2011 ဆိုရင် ကျွန်တော့် ဘလော့လေးက စိတ်ကူးပေါက်ရာတွေကို ချရေးရင်း ၃ နှစ်တောင်မှ တိုင်ခဲ့ပါရောလား။ ဘယ်လိုပဲ ဖြစ်နေပါစေ. . . ကျွန်တော် ရေးသမျှ တင်သမျှကို ကောင်း၍ပဲဖြစ်စေ ၊ မကောင်းဘဲနဲ့ ဖြစ်စေ ၊ ကြိုက်၍ ဖြစ်စေ ၊ မကြိုက်ဘဲနဲ့ ဖြစ်စေ . . . လာရောက် ဖတ်ရှု့သူ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်။
Merry Christmas (သို့) မယ်ရီ ခရစ္စမတ် ဆိုပြီးတော့ ပို့စ်လေး ရေးပေးပါဦး ဆိုပြီး Tag ထားသူ များကိုလည်း ဒီနေရာကနေ အနူးအညွှတ် တောင်းပန် လိုက်ပါတယ်။ ကျွန်တော့်မှာ ရေးစရာ မရှိပါ။ ကျွန်တော့် ရင်ထဲမှာတော့ . . . . " မယ်ရီ ခရစ္စမတ် ထက်စာရင် လယ်တီ ဆရာတော် ဘုရားကြီးကို ပိုပြီးတော့ စိတ်ဝင်စားပါတယ်။ " ပြီးတော့ ကိုယ်နဲ့ သိပ်မသက်ဆိုင်တဲ့ အကြောင်းအရာတွေမှာ မပါတတ်လို့ပါ။ ( စိတ်ထဲ ရှိနေတဲ့ အတိုင်း ပြောတာပါ။ ဘယ်လိုမှတော့ မထင်ပါနဲ့။ )
ပြီးတော့ ဟိုးအရင်ကဆို Happy New Year လို့ တစ်ယောက်ယောက်က လာနှုတ်ဆက်တာတောင်မှ ကြောင်တောင်တောင် ပြန်ကြည့်ပြီးတော့ Yes . . . Yes ဆိုပြီး ပြန်ပြောမိတတ်တဲ့ လူ့ဂွစာ တစ်ယောက်ပါ။ ဒါကြောင့် စိတ်ထဲမှာ တကယ် မရှိဘဲ လျှောက်ရေးမိရင်လည်း ဘယ်လိုမှ . . . ဘယ်သူ့မှ ခံစားလို့ ရမည် မဟုတ်ပါ။ ဒါကြောင့် ဒီနေ့ဟာ ကျွန်တော့် ဘလော့ရဲ့ နှစ်ပတ်လည်နေ့လေး ဖြစ်နေတာကို ကျေးဇူးတင်ရမလိုပါပဲ။
မည်သို့ပင် ဖြစ်နေပါစေ . . . ။ ကျွန်တော့် ဘလော့လေးကို ကောင်းကောင်း ၊ ဆိုးဆိုး ကျွန်တော့် စိတ်ထဲမှာ ဖြစ်သမျှ ချရေးမိတဲ့ အကြောင်းအရာတွေကို သုံးနှစ်လုံးလုံး ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်များကို ကျေးဇူး တင်ပါတယ်။ ဒါကြောင့် ကျွန်တော် ပြောနေကြ အတိုင်းလေး ပြောရမယ် ဆိုရင် . . . .
- ကျွန်တော့်ကို ချစ်သော . . . .
- ကျွန်တော့်ကို မုန်းသော . . . .
- ကျွန်တော့်ကို ဘယ်လိုမှ မနေသော စာဖတ်သူ ပရိတ်သတ်များ အားလုံးကို ကျေးဇူးတင်ပါတယ်။
အခုတော့ ကျွန်တော် သိပ်ပြီး လူ့ဂွစာ သိပ်မကျတော့ဘူး ထင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Merry Christmas ဆိုပြီး လာနှုတ်ဆက်သူ အားလုံးကိုလည်း ကိုယ်နဲ့ မဆိုင်ပေမဲ့ ပြန်လည် နှုတ်ဆက်နေတတ်ခဲ့ပါပြီ။
အားလုံးပဲ Merry Christmas ပါ။
လေးစားစွာဖြင့်
ကိုဇော်
25-Dec-2011
17 ယောက် ရဲ့ ထင်မြင်ချက်:
မယ်ရီ သုံးနှစ်ပြည့်။း)
ခရစ်စမတ်မှာ ပျော်ရွှင်ပါစေဗျာ။ ကျနော်လဲ အခုလို နှုတ်ဆက်တတ်တာ သိပ်မကြာသေးပါဘူး။ အမှန်ပြောရရင် ကလေးဘ၀တုန်းက ခရစ်စမတ်ဆိုတာ ဘာမှန်းကို မသိခဲ့တာ။း(
ထီများများပေါက်ပါစေ။
ပျော်ရွှင်ပါစေ :)
ပျော်ရွှင်သော ခရစ္စမတ်နှင့် နှစ်သစ်လေးပိုင်ဆိုင်ပါစေ
ခရစ္စမတ်မှာ ပျော်ရွှင်ခြင်းအပေါင်းနှင့် ခညောင်းပါစေ ကိုဇော်ရေ...
အော် လူလေး က သုံးနှစ်ပြည့်တာလား
နက်ဖြန်မူကြိုပို့ပေးမယ် အဆင်သင့်ပြင်ထား
ကောင်းတယ်ဗျို့ ရိုးသားစွာ ရှင်းရှင်းလေးအဖြေပေးခဲ့တာ
Merry Christmas and Happy New Yearပါရှင်
ခုတော့ နှုတ်ဆက်တက်နေပြီဆိုတော့....:):)
ပျော်ရွင်ဖွယ် ခရစ်စမတ်လေး ဖြစ်ပါစေအကို... (၃) နှစ်ပြည့်မှသည်...နောက်နှစ်ပေါင်းများစွာတိုင် အတူဆင်နွဲခွင့် ရပါစေလို့....ဆန္ဒပြုရင်း..
Happy New Year ပါအကို..။
ဟုတ်တယ်ကိုဇော်ရေ
ကျွန်တော်လဲ ဘယ်ကစပြီးဘယ်လိုရေးရမယ်ဆိုတာစဉ်းစားလို့ကိုမရဘူး
အကိုကစာရေးကောင်းတော့ဖတ်ရတာ ok ပါပဲလေ
Merry Christmas and Happy New Yearပါဗျာ
၃နှစ်၃မိုးတောင် ပြည့်သွားပြီလား သားဇော်ရေ။
တိုက်တိုက်ဆိုင်ဆိုင် ခရစ်စမတ်နေ့မှာ စရေးခဲ့တာမို့
ထူးထူးခြားခြား သီးသန့်မှတ်နေစရာမလိုတော့ပဲ
ခရစ်စမတ်ရောက်တိုင်း သတိတရဖြစ်သွားတာပေါ့နော်။
ရေးခဲ့သမျှ ကောင်းပါတယ် အားပေးပါတယ်
အမြဲတန်းလည်း အားပေးလျှက်ပါ။
Merry Christmas & Happy New Year !!!
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ပျော်ရွှင်ပါစေလို့ ဆိုရတာလောက် ပျော်စရာကောင်းတာ မရှိဖူး၊
သုံးနှစ်ပြည့် ဂုဏ်ယူစွာဖြင့် မိုးခါးရေသောက်လို ပုံပြင်တွေ များများ ရေးနိုင်ပါစေ။
မှတ်မှတ်ရရ ဘလော့လေး သုံးနှစ်ပြည့်ပြီပေါ့။ ရှေ့ဆက်ပြီးတော့လည်း စာဖတ်သူတွေအတွက် အမျိုးမျိုးသော သုတရသတွေ ရနိုင်စရာ စာတွေ ဖတ်ရဖို့ မျှော်လင့်မိပါတယ်ကိုဇော်။
ခရစ်စမတ်နဲ့အတူ နှစ်သစ်ကူးမှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။
ခင်မင်လျက်
သဒ္ဓါ
ကိုဇော် ရေ
မဆိုင်ပေမဲ့ ရွှေစင်ဦး ကလည်း merry x-mas ပါ
လူ့ဂွစာ အကို့ကို
ဘာမှမဆိုင်ပေမယ့် နှုတ်ခွန်းဆက်သခဲ့ပါတယ်..
ခရစ္စမတ်က မဆိုင်ဘူးဆိုပေမယ့် နှစ်သစ်ကတော့ ဆိုင်မယ်ထင်တယ်နော်... :P
ပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေဗျာ
ခင်မင်လျက်
Merry Christmas &
HAPPY NEW YEAR ပါဗျို့ ..း))
ခင်မင်လျှက်
ဆောင်းနှင်းရွက်
မင်္ဂလာနှစ်သစ်ဖြစ်ပါစေဗျာား)
နှစ်ကုန်တော့မယ်နော် အစ်ကို
ဟဲ....ဘာမှဟုတ်ပါဖူး
နှစ်သစ်ကူးအကြို အားလပ်ရက်တွေမှာ ပျော်ရွှင်ပါစေ ကိုဇော်ရေ ...
ဘာမှလာမရှင်းပြနဲ့လူပျိုကြီး စွံသွားပီလို့သတင်းကြားတယ် ဘာပဲပြောပြောတော့ ဒီဇင်ဘာမီးလုံးလေးတွေကြားမှာ အတူတော့နွဲရတာပေါ့နော့ ဟိဟိး)
ပျော်ရွှင်ဖွယ်ဒီဇင်ဘာနေ့ရက်များဖြစ်ပါစေ အကိုရေ
ချစ်ခင်လျှက်
မဒိုးကန်
ကျွန်တော်လည်းတအားကြီး ဂွကျလိုက်၊ကလန့်တိုက်လိုက်နဲ့ လိုက်လျောညီထွေ မရှိတာကို ကြာနေပီ.. နည်းနည်းတော့ လိုက်လျောညီထွေ နေဦးမယ်.. ပျော်စရာ နှစ်သစ်ဖြစ်ပါစေဗျာ.. ဟက်ပီးနယူးရီးယားအကိုရေ..:D :D
Post a Comment