ဒီနေ့ ဘာရယ် မဟုတ်ဘဲ လျှောက်ကြည့်မိတော့ Facebook မှာ အဖြူရောင် နတ်သမီး က ဒီလို စာသားလေးတွေ တင်ထားတာ တွေ့ပါတယ်။ ဒါနဲ့ သူရေးထားတာတွေကို ဖတ်ပြီးတော့ အောက်ကနေ ဟိုးအရင်က ဖတ်ထားခဲ့တာလေးတွေကို ဝင်ပြီးတော့ အာချောင်မိပါလေရော။ ဒီမှာ သူက ပြန်ရေးပါတယ်။ သူကတော့ ဘယ်ကနေ ဘယ်လို ရေးလဲ မသိပါဘူး။ ကျွန်တော်ကတော့ ဟိုးအရင်က ဖတ်ထားခဲ့တာလေးတွေကို ပြန်မှတ်မိသလို ရေးမိပါတယ်။ ဒါလေးတွေကို စုပြီးတော့ အားလုံးဖတ်ဖို့ တင်လိုက်ပါတယ်။
ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုဟာ သူရဲကောင်းဖြစ်မှုရဲ့ အနှစ်သာရပဲ။
(Emerson)
သူရဲကောင်းများသည် လောကတွင် အကြောက်တတ်ဆုံးသူများပင် ဖြစ်သည်။
( တဂိုး )
လူတွေဟာ ကိုယ့်သမိုင်းကိုယ်ဖန်တီးနေကြတာပါပဲ။
(Karl Marx)
သို့သော် ကိုယ့်သမိုင်းကို ကိုယ် ရေးနိုင်သူ ရှား၏။ ကိုယ့်သမိုင်းကို တခြားသူတွေကသာ ဝိုးတဝါး ရေးကြလေသည်။
( ကွန်ဖြူးရှပ် )
မိမိကိုယ်ပိုင် စဉ်းစားတွေးခေါ်မှု မပြုနိုင်သူဟာ ကျေးကျွန်တဦးပါပဲ။
(Robert G. Imgersoll)
လမ်းညွှန်သူ မရှိဘဲ ခရီးသွားခြင်းသည် မိုက်မဲသည် မည်၏။
( လောကနီတိ )
လူဆိုတာ သူဆန္ဒရှိတဲ့အရာကို လိုလိုလားလားယုံကြည်တတ်ကြတယ်။
(Julius caesar)
ယုံကြည်မှု မရှိရင် ဘယ်အရာမှ မအောင်မြင်နိုင်ပေ။
( သော်မတ်စ် ဝေးလ် )
ယုံကြည်ဖို့ဖြစ်နိုင်တဲ့အရာတိုင်းဟာ အမှန်တရားရဲ့ နိမိတ်ပုံတခုပါပဲ။
(William Hazlitt)
လုပ်နိုင်သည်ဟု ထင်သည်ဖြစ်စေ ၊ မလုပ်နိုင်ဘူးလို့ ထင်သည် ဖြစ်စေ . . သင်၏ အထင် အမှန်ပင် ဖြစ်လာလိမ့်မည်။
( ဟင်နရီ ဖို့ဒ် )
တွေးခေါ်ခြင်းအားဖြင့် လူဟာအမှန်တကယ်ကြီးမြတ်လာရတယ်လို့ ပြောပါရစေ။
(Pestalozzi)
တွေးခေါ်မှုသာ မပါရင် လူဆိုတာ တိရစ္ဆာန် တစ်ကောင်ပါပဲ။
( ရေးရှိုးလ်ဝပ်ဒ် )
စဉ်းစားတွေးခေါ်ခြင်းဟာ လူများကို ဗဟုသုတ ပညာကြွယ်ဝအောင်လမ်းညွှန်တယ်။
(Pestalozzi)
တွေးခေါ်စဉ်းစားခြင်းသည် ဥာဏ်ဖွံ့ဖြိုး စေ၏။ လေ့လာမှတ်သားခြင်းသည် ဗဟုသုတ တိုးပွားစေ၏။
(ဆိုကရေးတီး )
အတွေးအခေါ် အယူအဆမှန်သမျှ၏ မူလအရင်းခံသည် အတွေ့အကြုံပင်ဖြစ်သည်။
(John Locke)
အတွေးအခေါ်၏ မူလသည် စိတ်ရင်းခံ ဖြစ်၍ အယူအဆ၏ မြစ်ဖျားခံရာသည် အစွဲပင် ဖြစ်လေသည်။
(သောမတ်စ် သွန်မဆင် )
ကြီးကျယ်တဲ့ အတွေးအခေါ်တွေဟာ လက်တွေ့အဖြစ်ကို အသွင်ပြောင်းပြီး ကြီးကျယ်တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်လာရပါတယ်။
(William Hazlitt)
အတွေးအခေါ် ဆိုတာ အယူအဆ မဟုတ်သလို ၊ မျှော်လင့်ခြင်း အိပ်မက်လည်း မဟုတ်ဘူး။ ဒါကြောင့် လူတစ်ယောက်တည်းကို ပြောင်းလဲဖို့ထက် လူအားလုံးကို အကျိုးပြုဖို့ ပိုလိုအပ်တယ်။
(ဂျက်စ်ဆင် ဘရောင်း )
အမှန်တရားကို ကြီးမြတ်အောင်ဖန်တီးတဲ့သူဟာ လူသားပဲ။ လူကိုကြီးကျယ်အောင်လုပ်တဲ့ အမှန်တရားတော့မဟုတ်ဘူး။
(Confucius)
အမှန်တရား ဆိုတာကို ချစ်ပါတယ် ဆိုပြီးတော့ အော်ဟစ်နေဖို့ မဟုတ်ဘူး။ အမှန်တရားဘက်က ရပ်တည်ပြီး လိုက်နာဆောင်ရွက်ဖို့သာ ဖြစ်တယ်။
( အီမာဆင် )
အမှန်တရားဟာ ရိုးသားတယ်။ အမှန်တရားဟာ သေချာတယ်။ အမှန်တရားဟာ သန်မာတယ်။ သည်းခံနိုင်စွမ်းရှိတယ်။ သင်မှားခဲ့ရင် မှားပါစေ။ အမှန်အတိုင်းပြော၊ ဝေဖန်တာကို လက်ခံလိုက်ပါ။
(Gertrude E. Mc Veen)
အမှန်တရားကတော့ ပကတိ အတိုင်း ရိုးသားပါတယ်။ သို့သော် အမှန်တရား အပေါ်မှာ သုံးသပ်သူတွေက သူတို့ရဲ့ အတ္တ ၊ ဝါဒ တွေနဲ့ ဆေးဆိုးလိုက်ကြတယ်။
( ပေါလ်ဂတ်စ်တီ )
အရင်က တင်ထားခဲ့တာတွေ ဆက်ဖတ်ချင်ရင် -
လေးစားစွာဖြင့်
ကိုဇော်
5.11.2011
11 ယောက် ရဲ့ ထင်မြင်ချက်:
ခွန်းအားရှိစေတဲ့ စာလေးတွေအတွက် ကျေးဇူးပါအကို...
အကျိုးရှိပြီး ခွန်အားဖြစ်စေတဲ့ စာတွေဖတ်ရတာ
အားလုံးအတွက်ကောင်းပါတယ်
ခင်မင်တဲ့ မိဂျက်
Like...:)
အကိုကြီး.....
ဒီလိုစာပေမျိုးလေးတွေကို ဖတ်ရတာ စိတ်ဓာတ် ခွန်အားတွေကို တိုစေပါတယ် အတွေးအခေါ်တွေကိုလည်း
မြင့်စေတယ်လို့ ခံစားရတယ်ဗျာ ယုံကြည်မှု့တွေလည်း
တိုးပွားလာစေတယ် ခဏခဏ ကိုဖတ်သင့် မှတ်သင့်တဲ့ စာပေ အဟာရ လေးတွေအတွက် ကျေးဇူးအကိုရေ။
အကိုကြီး.....
ဒီလိုစာပေမျိုးလေးတွေကို ဖတ်ရတာ စိတ်ဓာတ် ခွန်အားတွေကို တိုစေပါတယ် အတွေးအခေါ်တွေကိုလည်း
မြင့်စေတယ်လို့ ခံစားရတယ်ဗျာ ယုံကြည်မှု့တွေလည်း
တိုးပွားလာစေတယ် ခဏခဏ ကိုဖတ်သင့် မှတ်သင့်တဲ့ စာပေ အဟာရ လေးတွေအတွက် ကျေးဇူးအကိုရေ။
တဂိုးရဲ့ ဒီစာသားလေးကို သဘောကျတယ်...
သူရဲကောင်းများသည် လောကတွင် အကြောက်တတ်ဆုံးသူများပင် ဖြစ်သည်။
အဟာရများ ၁၊ ၂၊ ၃ ပါပြန်ဖတ်ပြီး မှတ်သားစရာတွေ အများကြီးရသွားတယ် ကိုဇော်ရေ။ ဒဿနလေးတွေ ကူးယူသွားတယ်နော်။ (ခွင့်မတောင်းပေမယ့်ရပါတယ်) မဟုတ်လားး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အာဟာရဖြစ်စေတဲ့ စာစုလေးတွေအတွက် ကျေးဇူးတင်လိုက်တာ ကိုဇော်ရေ.။ ဖတ်ပြီး စိတ်အာဟာရဖြစ်စေပါတယ်။
ခင်မင်တဲ့
သဒ္ဓါ
အဆိုအမိန့် အများကြီးထဲက တစ်ခုလောက် လိုက်နာပြုလုပ်နိုင်ရင်တောင် အောင်မြင်ဖို့ နီးစပ်မှာပါ။
ခင်မင်လျှက်
အမှန်တရားဟာ ရိုးသားတယ်။ အမှန်တရားဟာ သေချာတယ်။ အမှန်တရားဟာ သန်မာတယ်။ သည်းခံနိုင်စွမ်းရှိတယ်။ သင်မှားခဲ့ရင် မှားပါစေ။ အမှန်အတိုင်းပြော၊ ဝေဖန်တာကို လက်ခံလိုက်ပါ။။
ဖတ်မှတ်သေချာမှတ်သွားတယ် အကို
ခင်တဲ့
မှတ်သားစရာ အဆိုအမိန့်တွေကို ဖတ်ရတာ နှစ်သက်သလို စိတ်ဓါတ်ကိုလဲ ရင့်ကျက်စေတယ်လို့ ခံယူထားပါတယ်။ တစုတစည်းထဲ ဖတ်ရတာ ကျေးဇူးပါရှင်။
Post a Comment