ကျွန်တော်က ဒီလို ယူဆတယ်ဗျာ။
လူတွေမှာ.....
၁။ တချို့က မဖြစ်သေးတာတွေကို မျှော်လင့်ပြီး အိပ်မက် မက်တတ်ကြတယ်။
၂။ တချို့က ဖြစ်ပြီးတာတွေကို ပြန်လည်အောက်မေ့ပြီး အိပ်မက် မက်တတ်ကြတယ်။
၃။ တချို့က ရင်ထဲမှာ ထိခိုက်ခံစားရတာတွေကို အိပ်မက်ထဲမှာ အိပ်မက်လုပ်ပြီး မက်တတ်ကြတယ်။
ခု.. ကျွန်တော့် " အိပ်မက် အပိုင်းအစများ.." ဆိုတာကလည်း ဒီအကြောင်းအရာ (၃)မျိုးထဲမှာ အကြုံးဝင်တဲ့
ကျွန်တော် ဖတ်ဖူး ၊ မှတ်ဖူး ၊ လေ့လာဖူး ၊ ခံစားခဲ့ရဖူး ၊ လေးစားခဲ့ရဖူး ၊ စဉ်းစားဖူးသော အကြောင်းအရာတွေကို ရေးချင်လို့ ကျွန်တော် ဒီ Blog လေးကို ဖန်တီးမိတာ။
စာဖတ်သူတို့ အနေနဲ့ တစ်စုံတစ်ခုတော့ ပျော်စရာ ၊ တွေးစရာ ၊ စိတ်ဝင်စားစရာ ၊ ခံစားစရာလေးတွေ ရရှိတယ်ဆိုရင် ကျွန်တော် အနေနဲ့ ပျော်ရွှင်မိမှာပါ။
ဘာပဲပြောပြော လာရောက်လည်ပတ်တာနဲ့တင် ကျေးဇူးတင်ပါတယ်ဗျာ။
။.............. ဘယ်လိုပဲဖြစ်ဖြစ် ပျော်ရွှင်ပါစေ .................။
ကိုဇော်